တီးတိန်၌ စျေးဆိုင်ပိုင်ရှင်များ သိရှိလိုက်နာရန် အကြောင်းကြားစာထုတ်ပြန်

       ချင်းပြည်နယ်၊တီးတိန်မြို့တွင် COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ တီးတိန်မြို့ စည်ပင်သာယာရေးနယ်နိမိတ် အတွင်းရှိ စျေးဆိုင်ပိုင်ရှင်များ သိရှိလိုက်နာရန် အကြောင်း ကြားစာကို ဧပြီ ၃ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်​ကြောင်း သိရသည်။ ထိုသို့ထုတ်ပြန်ရာတွင် ကုန်စျေးနှုန်းတိုးမြှင့်ရောင်းချခြင်းမပြုဘဲ ပစ္စည်းမှန်၊စျေးနှုန်းမှန်ကန်စွာဖြင့်ရောင်းချ ဖြန့်​ဖြူးရန်၊စျေးဆိုင်ရှေ့တွင် လက်ဆေးကန်ထားရှိရန်၊ အမှိုက်ပုံးထားရှိရန်၊စျေးဝယ်သူများကို တစ်ယောက်နှင့်တစ်ယောက် (၃)ပေခြားစီ နေရာသတ်မှတ်ပြီး တန်းစီစနစ်ဖြင့် ရောင်းချရန်နှင့် လက်ဖက်ရည်ဆိုင်၊စားသောက် ဆိုင်များအနေဖြင့် မိမိဆိုင်အတွင်းစားသောက်ခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန်၊လိုက်နာဆောင်ရွက်မှုမရှိပါက ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း ပါရှိသည်။

စာစုများ -