တီးတိန်မြို့နယ်၌COVID-19ရောဂါကာကွယ်ရေး၊ထိန်းချုပ်ရေး၊ကုသရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးပြုလုပ်

 ချင်းပြည်နယ်တီးတိန်မြို့နယ်၌COVID-19ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ  ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်၁နာရီကမြို့နယ်အထွေထွေဦးစီးဌာနရုံး၌ပြုလုပ်သည်။ အဆိုပါအစည်းအဝေးတွင်COVID-19ရောဂါကာကွယ်၊ထိန်းချုပ်ရေးအဖွဲ့၊​ပြည်နယ်အဆင့်အဖွဲ့ ခေါင်းဆောင်ပြည်တွင်း  အခွန်ဦးစီးဌာနပြည်နယ်မှူးဦးစိုးညွ့န်၊ ခရိုင်မီးသတ်ဦးစီးမှူးဦးစာရုံမန်း၊ဆေး ရုံအုပ် ဒေါက်တာ ဇော်မြင့်နိုင်တို့ကမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများသို့ပြည်ပနှင့်အခြားဒေသများမှ ပြန်လည်ရောက်ရှိလာမှု၊အသွားအလာစောင့်ကြည့်မှုအခြေအနေများ၊COVID-19ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများအတွက် ထောက်ပံ့ပစ္စည်းများလက်ခံရရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။  ထို့နောက်မြို့နယ်အုပ်ချူပ်ရေးမှူးဦးဂိုးဆွင်းခိုင်ကCOVID-19ရောဂါကာကွယ်၊ ထိန်းချူပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး အသင်းတော်များပါဝင်ဆောင်ရွက်ရမည့်ကိစ္စရပ်များFacility Quarantineလုပ်ငန်း  ဆောင်ရွက်မှုများ ရှင်းလင်းဆွေး​နွေးသည်၊၊ အဆိုပါညှိနှိုင်းအစည်းအဝေးသို့ဘာသာ​​ရေးအသင်းတော်များမှ သင်းအုပ်ဆရာတော်များ၊ လွှတ်တော်ကိုယ် စားလှယ်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိမြိုဖများ၊လူမှုရေးအသင်းအဖွဲ့များတက်ရောက်ဆွေးနွေးခဲ့ ကြောင်းသိရသည်။

စာစုများ -