COVID-19ရောဂါမပြန့်ပွားရေးအတွက် ပြည်ပမှပြန်လာသူများ တီးတိန်၌ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှု ဆောင်ရွက်


     ချင်းပြည်နယ်တီးတိန်မြို့၌COVID-19 ရောဂါမပြန့်ပွားရေးအတွက် ပြည်ပမှ ပြန်လာသူများအသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်နိုင်ရန်၊နေရာများကြိုတင်လျာထား ဆောင်ရွက်လျက်ရှိရာ ဧပြီ ၄ ရက်ကပြည်ပမှပြန်လာသူအမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၁)ဦးတို့အား၊အထက-၁​ကျောင်းဆောင်၌ ထားရှိကြောင်း သိရသည်။ အသားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံယူသူများသတ်မှတ်ကာလအတွင်းကျန်းမာရေးဌာနမှချမှတ်ထား သည့်စည်းမျဥ်း၊စည်းကမ်းများလိုက်နာရေးတို့ကိုကျန်းမာရေးဌာနမှပညာပေးပြောကြားသည်။သက်ဆိုင်ရာဌာနအသီးသီးတို့က အသွားအလာကန့်သတ်စောင့်ကြပ်သူများ၊ နေရာထိုင်ခင်းများအဆင်ပြေစေရေး စီစဥ်ဆောင်ရွက်ခဲ့သည်။ အဆိုပါပြည်ပမှပြန်လာသူများအား သတ်မှတ်ကာလပြည့်ပါကမိမိတို့ကျေးရွာများသို့ ပြန်သွားခွင့်ပြုမည် ဖြစ်ကြောင်းသိရသည်။

စာစုများ -