တီးတိန်မြို့နယ် COVID-19ရောဂါကာကွယ်ရေးရန်ပုံငွေရရှိ သုံးစွဲရေး၊ကြီးကြပ်ရေးကော်မတီးရုံး တီးတိန်၌ ဖွင့်လှစ်

ချင်းပြည်နယ်တီးတိန်မြို့၌COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်တီးတိန် မြို့နယ် COVID-19ရောဂါကာကွယ်ရေးရန်ပုံငွေရရှိသုံးစွဲရေး၊ ကြီးကြပ်ရေးကော်မတီရုံးကို ​​​​မြို့မရပ်ကွက် ဦးထန်ဇစိန်​အိမ်၌ဖွင့်လှစ်သည်။ ဒေသခံပြည်သူများ၊ရပ်နီးရပ်ဝေးမှစေတနာရှင်များ၊ဘာသာရေးအသင်းတော်များကအဆိုပါကော်မတီရုံးသို့အလှူငွေများ၊ထောက်ပံ့ပစ္စည်းများလာရောက်လှူဒါန်းရာယနေ့အထိအလှူရှင်(၉၅)ဦးထံမှလှူဒါန်းငွေကျပ်သိန်း၁၈၈ကျပ်နှင့်Mask(၁၀၀၀)ခုရရှိကြောင်းကော်မတီရုံးမှသိရသည်။ အဆိုပါကော်မတီသည်မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ပေးဖွဲ့စည်းခြင်းဖြစ်သည်။ ကော်မတီ ဥက္ကဌဦးဒမ်ခိုဇမ်း၊အတွင်းရေးမှူးဦးထန်ဇစိန်နှင့်အဖွဲ့ဝင်များအဖြစ်၊စကောလမ်း၊မြို့မ၊လွယ်ဘွလ်း၊လေးလုမ်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့်ဖွဲ့စည်းပြီးရရှိထားသောရန်ပုံငွေများစနစ်တကျသုံးစွဲကြောင်းသိရသည်။

စာစုများ -