ကိုဗစ်−၁၉ရောဂါနှင့်ပတ်သက်သော လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအား ပြည်သူ့ဝန်ဆောင်မှုများတိုးမြှင့်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

       ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်သည် ဧပြီလ ၅ ရက်နေ့ညနေ ၃ နာရီအချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ လက်ရှိလုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ကိုဗစ်−၁၉ ရောဂါနှင့်ပတ်သက်သည့်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့်ပြည်သူများအား ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါ သည်။  ဆွေးနွေးပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီးက ချင်းပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ် လျက်ရှိသော ကိုဗစ်−၁၉ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်ထားရှိသော လူနာ၊ သံသယလူနာ များနှင့်၄င်းတို့အတွက် စီစဉ်ဆောင်ရွက်မည့် အစီအမံများအပါအဝင် ပြည်သူများအား ပြည်သူ့ ဝန်ဆောင်မှုများပိုမိုထောက်ပံ့ဆောင်ရွက်ပေးနိုင်ရေး၊ အသိပညာပေးလုပ်ငန်းများပေါင်းစပ် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးဝိုင်းဝန်းဆွေးနွေးကြရန် တက်ရောက်လာကြသူများအားဆွေးနွေး ပြောကြားပြီးနောက် ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဒေါက်တာအောင်ငွေစံက ဧပြီလ ၅ ရက်နေ့အထိ ချင်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါနှင့်ပတ်သက်​သော လူနာသတင်းအချက်အလက်များနှင့် မြို့နယ် ၉ မြို့နယ် တွင် Facility Quarantine ​နေရာများထပ်မံပြင်ဆင်ဆောင်ရွက်မည့်အခြေအနေများနှင့် ပတ်သက် ၍ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကိုဗစ်−၁၉ ရောဂါနှင့်ပတ်သက်၍ ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ပြည်နယ်အဆင့်အဖွဲ့များက ကဏ္ဍ အလိုက်သက်ဆိုင်ရာနယ်မြေခံဝန်ကြီးများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လိုအပ် သည်များကို ဆက်လက်ထောက်ပံ့ကူညီပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးရာ ပြည်နယ်လမ်းပမ်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးနှင့်ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်တို့က ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြကြောင်း သိရှိရပါသည်။

စာစုများ -