ရိခေါ်ဒါရ်နယ်မြေရဲစခန်း၊ ရဲတပ်ဖွဲ့ဝင်များက ကိုဗစ်(၁၉)ရောဂါ ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေများ မြို့တွင်းလှည့်လည် ဆော်သြခြင်းဆောင်ရွက်

        ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်ဆန်းလင်း ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များသည် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ရေးလမ်းညွှန် လက်ကမ်း စာစောင်ဖြန့်ဝေခြင်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေများ မြို့တွင်းလှည့်လည်ဆော်သြ ခြင်းကို ဧပြီ ၅ ရက်က ရိခေါ်ဒါရ်မြို့ ရပ်ကွက်အတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။  အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ ထုတ်ဝေသည့် ကိုဗစ်(၁၉) ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပြဌာန်းထုတ်ပြန်ချက်အား အများပြည်သူများ သိရှိလိုက်နာနိုင်ရန် အသိပေးကြေငြာချက်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အမိန့်ကြော်ငြာစာများ ထည့်သွင်းပါဝင်သည့် လက်ကမ်းစာစောင်များကို ဌာနဆိုင်ရာများ၊ ရပ်ကွက်လူငယ်များနှင့် ရပ်ကွက်ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေများ၊ ကူးစက်ရောဂါ COVID-19 နှင့်ပတ်သက်၍ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေများ၊ တားမြစ်ချက် များ၊ ပြစ်မှုပြစ်ဒဏ်များကို မြို့ပေါ်ရပ်ကွက်အတွင်းရှိ လမ်းမကြီးများ၊ အိမ်ကြားလမ်းများ၌ Hand Speaker အသုံးပြုပြီး လှည့်လည်ဆော်သြဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မြို့အဝင်အထွက်နေရာများ၌ လူဝင်ထွက်သွားလာမှု စောင့်ကြပ်စစ်ဆေးမှုများ၊ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်လူငယ်အဖွဲ့များနှင့် ပူးပေါင်းပြီး နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စာစုများ -