ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ကိုဗစ်(၁၉) ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးစာစောင်များပြသ

         ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး စနစ်တကျ လိုက်နာ ကျင့်သုံးဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ကိုဗစ်(၁၉)ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်တွင် ဧပြီ ၆ ရက် နံနက် ၉ နာရီမှစ၍ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။   အဆိုပါ ကိုဗစ်(၁၉) ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ချက်များ တွင် ရုပ်ရှင်သရုပ်ဆောင်များ၊ တေးသံရှင်များဖြင့် ပြသထားသည့် သင့်ကိုသင်ကာကွယ်ဖို့အတွက်၊ သင့်မိသားစုကိုကာကွယ်ဖို့အတွက်၊ သင့်ပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက်၊ သင့်မြို့ရွာကို ကာကွယ်ဖို့အတွက်၊ သင့်တိုင်းပြည်ကို ကာကွယ်ဖို့အတွက်၊ “အိမ်မှာပဲနေပါ”၊ “အပြင်မထွက်ပါနဲ့” စသည့် အသိပညာပေးနှိုးဆောင်ချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်(၁၉) ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ၊ ကာတွန်း၊ ပိုစတာများ၊ ရောဂါ နှင့်ပတ်သက်သည့် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြသ ဆောင်ရွက်ထားကြောင်း သိရသည်။

စာစုများ -