ချင်းပြည်နယ်၊ ဟားခါးမြို့ ခရိုင်၊ မြို့နယ်စုပေါင်းရုံးများနှင့်ခရိုင်ပြည်သူ့စာကြည့်တိုက်တို့အား မီးသတ်ဦးစီးဌာနမှ ပိုးသတ်ဆေးများပက်ဖျန်း

       ချင်းပြည်နယ်၊ ဟားခါးမြို့ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးသန်းထွေးနှင့်အတူ မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးသျှန်နွန်မောင် ဦးဆောင်လျက် မီးသတ်တပ်ဖွဲ့ဝင်များသည် ဧပြီလ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်မှစတင်ကာ ဟားခါးမြို့ ခရိုင်စုပေါင်းရုံး၊ မြို့နယ်စုပေါင်းရုံးနှင့် လူထုအခြေပြုဗဟိုဌာန၊ ဟားခါးခရိုင်ပြည်သူ့စာကြည့်တိုက်တို့ သို့ ရောက်ရှိ၍ COVID-19​ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေး ပိုးသတ်ဆေးများပက်ဖျန်းပေးခဲကြကြောင်း သိရှိရပါသည်။   ခရိုင်မီးသတ်ဦးစီးမှူးနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီအချိန်တွင် ခရိုင်စုပေါင်းရုံးရှိ ခရိုင်အဆင့်ဌာနဆိုင်ရာရုံးခန်းများနှင့်မြို့နယ်စုပေါင်းရုံးရှိ မြို့နယ်အဆင့်ဌာန ဆိုင်ရာရုံးခန်းများအတွင်း ပိုးသတ်ဆေးများလှည့်လည်ပက်ဖျန်းပေးပြီးနောက် ဟားခါးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမသို့ရောက်ရှိပြီး စာကြည့်တိုက်၊ ကလေးစာ ဖတ်ခန်း၊ ကွန်ပျူတာသင်တန်းခန်းမ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းစာကြည့်တိုက်ခန်းမနှင့် ရုံးခန်းများအတွင်း လှည့်လည်ပက်ဖျန်းပေးခဲကြကြောင်း၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့် မြို့တွင်းလမ်းမကြီးများ၊ မော်တော်ယာဉ်ဂိတ်များနှင့် လူသွားလူလာများသောနေရာ များတွင် နေ့စဉ်ပိုးသတ်ဆေးများပက်ဖျန်းပေးလျက်ရှိပြီး ပြည်သူများဝင်ထွက်သွားလာလျက် ရှိသောရုံးများအနေဖြင့် ပိုးသတ်ဆေးဖျန်းပေးရန်အကူအညီတောင်းခံလာပါက ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏လမ်းညွှန်မှုအတူ ပက်ဖျန်းပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

စာစုများ -