COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်စေရေးအတွက် ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

        ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဟားခါးခရိုင်ရုံးအနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်သင့်သည်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက် နိုင်ရေး နံရံကပ်စာစောင်များပြသခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။  ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများသည် ဧပြီလ ၆ရက် နံနက် ၁၀နာရီအချိန်တွင် ဟားခါးမြို့ပြည်တော်သာ ရပ်ကွက်ရှိ မြို့မစျေးကြီးနှင့် စျေးသစ်ရပ်ကွက်ရှိ ကုန်စိမ်းစျေးတန်းသို့ ရောက်ရှိ၍  ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှပေးပို့လှူဒါန်း သော COVID-19 ရောဂါကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ် အရောက် ဖြန့်ဝေပေးခဲ့ကြသည်။  အလားတူ ပြည်သူများအလွယ်တကူလေ့လာ ကြည့်ရှု နိုင်ရန်အတွက် ဟားခါးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ပြဘုတ်နှင့် နံရံကပ်ပြဘုတ်များတွင် COVID-19ရောဂါနှင့်ပတ်သက်၍ အနုပညာရှင်များ၏ပြောကြားချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ထုတ်ဝေသည့် ကျန်းမာရေးပိုစတာများကို ပြသပေးထားရာ ပြည်သူများ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

စာစုများ -