ရိခေါ်ဒါရ်မြို့၌ အမျိုးသားငါးဦးတို့အား အသွားအလာကန့်သတ် စောင့်ကြည့်ထားသည့် သတ်မှတ်ကာလပြည့်ပြီး စောင့်ကြပ်ကြည့်ရှုမှုရပ်နားကာ မိမိတို့နေအိမ်အသီးသီး၌ Home Quarantine ဆက်လက်စောင့်ကြည့်ရန် စေလွှတ်

       ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ပြည်ပမှပြန်လည်ရောက်ရှိလာသူ ရပ်ကွက်ပြည်သူ အမျိုးသား ငါးဦးတို့သည် ပြီးခဲ့သည့် ဧပြီ ၅ ရက်က တရုတ်နိုင်ငံမှ ရိခေါ်ဒါရ်မြို့သို့ ပြန်လည် ရောက်ရှိလာကြရာ ရိခေါ်ဒါရ်မြို့အမှတ်(၂)ရပ်ကွက်ရှိ ကြိုတင်စီစဉ်ထားသည့် အထကခွဲ ကျောင်း၌ Community Based Facility Quarantine စောင့်ကြည့်မှုခံယူထားကြောင်း သိရသည်။   အဆိုပါ စောင့်ကြည့်ခံလူငယ်ငါးဦးတို့၏ ကျန်းမာရေးအခြေအနေကို မြို့ရှာဖွေရေးနှင့် စစ်ဆေးရေးကော်မတီနှင့် ကျန်းမာရေးဌာနတို့မှ  ကျန်းမာရေးစစ်ဆေးမှုကို နေ့စဉ်ဆောင်ရွက်ပေး ခဲ့ကြောင်း၊ စောင့်ကြပ်စစ်ဆေးခြင်းခံယူသည့် သတ်မှတ်ကာလ (၂၁)ရက် ပြည့်မြောက်သည့် ဧပြီ ၂၇ ရက်တွင်လည်း အဆိုပါလူငယ်ငါးဦးတို့၏ ကျန်းမာရေး အခြေအနေကောင်းမွန်ပါသဖြင့် စောင့် ကြပ်စစ်ဆေးခြင်းမှ ရပ်နားကာ မိမိတို့နေအိမ်အသီးသီး၌ Home Quarantine ခုနှစ်ရက် ဆက်လက်စောင့်ကြပ်စစ်ဆေးရန် စေလွှတ်ခဲ့ကြောင်း မြို့ရှာဖွေရေးနှင့်စစ်ဆေးရေးကော်မတီ ထံမှ သိရသည်။  အဆိုပါ စောင့်ကြည့်ခံလူငယ် ငါးဦးတို့သည် တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ ရိခေါ်ဒါရ်မြို့သို့ ပြီးခဲ့သည့် ဧပြီ ၅ ရက်က ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ လက်ရှိ၌ ရိခေါ်ဒါရ်မြို့ အမှတ်(၂) ရပ်ကွက် အထကခွဲကျောင်းရှိ Community Based Facility Quarantine နေရာတွင် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ရပ်ကွက်ပြည်သူ အမျိုးသမီးတစ်ဦးအား စောင့်ကြည့် စစ်ဆေးမှုခံယူနေဆဲဖြစ်ပြီး ၎င်းနေရာအဆောက်အဦနှင့် ပတ်ဝန်းကျင်အား ကျန်းမာရေးဌာနနှင့် မီးသတ်တပ်ဖွဲ့တို့က ပိုးသတ်ဆေးဖျန်းပေးခဲ့ကြောင်း၊ မြို့ရှာဖွေရေးနှင့်စစ်ဆေးရေးကော်မတီနှင့် ကျန်းမာရေးဌာနတို့မှ စောင့်ကြည့်ခံ အမျိုးသမီးတစ်ဦး၏ ကျန်းမာရေးအခြေအနေကို နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စာစုများ -