ရိခေါ်ဒါရ်မြို့ နယ်နိမိတ်ဧရိယာအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ချက်အား ရပ်ကွက်အတွင်း လှည့်လည်အသိပညာပေးဆော်သြခြင်းဆောင်ရွက်

           ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖလမ်းခရိုင်အတွင်းရှိ မြို့နယ် တစ်ခု၊ မြို့ နှစ်ခုတို့၏ နယ်နိမိတ်ဧရိယာအတွင်း ညမထွက်ရအမိန့်ကို ဧပြီ ၂၈ ရက်မှစ၍ အမိန့်ထုတ်ပြန်ကြောင်း သိရသည်။  အဆိုပါထုတ်ပြန်ချက်တွင် ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် Covid-19 ရောဂါကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးတို့အတွက် အရေးပေါ်ကိစ္စ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်မှအပ ဖလမ်းမြို့၊ ရိခေါ်ဒါရ်မြို့နှင့် ဝေဘူလမြို့တို့၏ နယ်နိမိတ်အတွင်း နေ့စဉ် ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ဧပြီ ၂၈ ရက်မှစ၍ ထုတ်ပြန်ခဲ့ကြောင်း၊ ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းသည် အများပြည်သူ အကျိုးငှာ ရည်ရွယ်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ညမထွက်ရအမိန့်သည် အမိန့်ထုတ် ပြန်သည့် နေ့မှစ၍ နှစ်လအထိ အတည်ဖြစ်ကြောင်း သိရသည်။   ရိခေါ်ဒါရ်မြို့ ရပ်ကွက်ပြည်သူများအနေဖြင့် ညမထွက်ရအမိန့်ထုတ်ပြန်ချက်အား သိရှိလိုက် နာနိုင်စေရေး၊ အမိန့်ထုတ်ပြန်ချက်သတ်မှတ်အချိန်နှင့် သတ်မှတ်ကာလများသိရှိစေရေးနှင့်အမိန့် ထုတ်ပြန်ချက်များ လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းဆိုင်ရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ရိခေါ်ဒါရ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ ပူးပေါင်းကာ ဧပြီ ၂၈ ရက်က ရပ်ကွက်အတွင်း မော်တော်ယာဉ်ဖြင့်လှည့်လည်၍ လက်ကိုင်စပီကာဖြင့် အသိပညာပေးလှည့်လည် ဆော်သြဆောင်ရွက်ခဲ့ကြောင်း၊ အသိပညာပေး လှည့်လည်ဆော်သြခြင်းကို မြို့ပေါ်ရပ်ကွက်နှစ်ခု၌ အခါအားလျော်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမိန့်ထုတ်ပြန်ချက်အား ပြည်သူများ လိုက်နာမှုရှိ/မရှိအခြေအနေကို သက်ဆိုင်ရာဌာနများမှ လှည့်ကင်းထွက်၍ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စာစုများ -