ရိခေါ်ဒါရ်မြို့၌ နေရပ်ပြန်ပြည်သူနှစ်ဦးအား Community Based Facility Quarantine စောင့်ကြည့်မှုခံယူ

       ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများ၊ အခြား တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်များမှ နေရပ်ပြန်ပြည်သူများအား မိမိတို့ဒေသသို့ ပြန်လည် ရောက်ရှိလာပါက Community Based Facility Quarantine ၌ ၂၁ ရက်စောင့်ကြည့်ခံယူထားရှိ ခဲ့ရာ ဧပြီ ၃၀ ရက်က နေရပ်ပြန်ပြည်သူနှစ်ဦးအား ကျန်းမာရေးစောင့်ကြည့်ခံယူလျက်ရှိကြောင်း သိရသည်။  အဆိုပါ နေရပ်ပြန်ပြည်သူနှစ်ဦးသည် ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်၌ နေထိုင်သူ သားအမိနှစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် မတ်လအတွင်း၌ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ခရီးသွား ရောက်ခဲ့ရာမှ ဧပြီ ၃၀ ရက်တွင် မိမိတို့နေရပ်ဖြစ်သည့် ရိခေါ်ဒါရ်မြို့သို့ ပြန်လည်ရောက်ရှိလာကြ ခြင်းဖြစ် ကြောင်း၊  အဆိုပါ သားအမိနှစ်ဦးအား မြို့ရှာဖွေရေးနှင့် စစ်ဆေးရောကော်မတီ၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီတို့မှ ကြိုတင်စီစဉ်ထားသည့် အထကကျောင်းရှိ Community Based Facility Quanrantine နေရာ၌ ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည့် ထားရှိခဲ့ကြောင်း၊ ၎င်းတို့၏ကျန်းမာရေးအခြေအနေကို ကျန်းမာရေးဌာနမှ စစ်ဆေးဆောင်ရွက်ခဲ့ ရာ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။   ရိခေါ်ဒါရ်မြို့၌ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်း အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးအဖွဲ့များနှင့် ရပ်ကွက်လူငယ်များပူးပေါင်းပြီး ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများ၊ အခြား တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့နယ်များမှ နေရပ်ပြန်ပြည်သူများအား မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိလာပါက အသွားအလာကန့်သတ်သည့် Community Based Facility Quarantine နေရာအဖြစ် အထက၊ အထကခွဲကျောင်းနှင့် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ စသည့် သုံးနေရာ၌ ကြိုတင်စီစဉ်ထားရှိကြောင်း၊  အဆိုပါ စောင့်ကြည့်နေရာများ၌ ပြည်ပနိုင်ငံမှ ပြန်လာသူ ခြောက်ဦး၊ ပြည်တွင်းမှ နေရပ်ပြန်လာသူ နှစ်ဦးတို့အား ကျန်းမာရေးစောင့်ကြည့်ခြင်းဆောင်ရွက်ခဲ့ရာ အဆိုပါ စောင့်ကြည့်ခံ ရှစ်ဦးအနက် ပြည်ပမှပြန်လာသူ ငါးဦးတို့အား အသွားအလာကန့်သတ်သည့် သတ်မှတ်ရက် ၂၁ ရက် ပြည့်မြောက်ပြီး ကျန်းမာရေး အခြေအနေကောင်းမွန်ကြပါသဖြင့် Home Quarantine ခုနှစ်ရက် ဆက်လက်စောင့်ကြည့်ရန် စေလွှတ်ခဲ့ကြောင်း၊ လက်ရှိ၌ ပြည်ပမှ ပြန်လာသူတစ်ဦးအား အထကခွဲ၌ လည်းကောင်း၊ ပြည်တွင်းမှ နေရပ်ပြန်လာသူ နှစ်ဦးအား အထကကျောင်း၌ လည်းကောင်း အသွားအလာကန့်သတ် စောင့်ကြည့်ခြင်းခံယူနေဆဲဖြစ်ကြောင်း သိရသည်။

စာစုများ -