ချင်းပြည်နယ်အတွင်း စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ရပ်တန့်မှု မဖြစ်စေရေးအတွက် ကုန်တင်မော်တော်ယာဉ်များ သယ်ယူပို့ဆောင်ခွင့်ပြုထား

 

ဟားခါး မေ ၅

ချင်းပြည်နယ်COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကာလအတွင်းဒေသတွင်း ပြည်သူများအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှု၊ရှားပါးမှုမရှိစေရေးနှင့်တည်ဆောက်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်တန့်မှု မဖြစ်ပေါ်စေရေး၊ အရှိန်မပြတ်
ဆောင်ရွက်နိုင်စေရေးအတွက်   ပြည်နယ်အစိုးရအဖွဲ့၏  ခွင့်ပြုချက်နှင့်အတူ စားသောက်ကုန်နှင့်  တည်ဆောက်ရေးလုပ်ငန်းသုံး   သွင်းကုန်များအားလုံး သယ်ယူပို့ဆောင်နိုင်ရေး ခွင့်ပြုပေးထားကြောင်း   ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး
ကြီးကြပ်ညှိနှိုင်းမှုဌာနမှ သိရှိရပါသည်။“ကျွန်တော်တို့အနေနဲ့ ချင်းပြည်နယ်အတွင်းမှာ စားသောက်ကုန်ပစ္စည်း အပါအဝင်တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းတွေ သယ်ယူပို့ဆောင်နိုင်ဖို့အတွက်ကုန်တင်မော်တော်ယာဉ် အကြီး၊အသေး အားလုံးကို  ပိတ်ပင်        ထားတာ မရှိပါဘူး။ ခွင့်ပြုပေးထားပါတယ်၊ ပြည်နယ်ပြင်ပ အဝေးကြီးကလာကြတဲ့ ကုန်ကားတွေဆိုရင်တော့အဝေးပြေးဂိတ်မှာပဲ ကုန်တင်ကုန်ချ လုပ်ခိုင်းပါတယ်။ ယာဉ်မောင်းနှင့်ပါလာတဲ့သူတွေဆိုရင်လည်း အဝေးပြေးဂိတ်မှာပဲ  ညအိပ်သင့်ရင် အိပ်ခိုင်း       ညပါတယ်။ ယာဉ်မောင်းတွေရော၊ကုန်တင်ကုန်ချအလုပ်သမားတွေနဲ့ ဂိတ်မှူးတွေကအစ အားလုံးကိုတော့ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်စေပါတယ်။ ခရီးသွားမော်တော်ယာဉ်လိုင်းများအနေ         နဲ့တော့ မေလ ၁၅ ရက်နေ့အထိသွားလာခြင်း ပိတ်ပင်ထားတဲ့ အမိန့်ရှိနေတာကြောင့် စောင့်ရအုံးမှာ ဖြစ်ပါတယ်” ဟု ဧပြီလ ၅ရက်နေ့ကုန်တင်ကားများကိုလိုက်လံစိစစ်ဆောင်ရွက်နေသည့် ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်း           မှုဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်ကပြောပြပါတယ်။

“အဝေးပြေးဂိတ်မှာ ခရီးသည် သွားလာမှုမရှိပေမယ့် လည်း ကုန်စည်တွေကတော့အဆက်မပြတ်ပါဘူး။ ကားကြီးတွေ ဝင်လာသမျှကိုတော့ ဂိတ်မှာပဲ ရပ်နားခိုင်းပါတယ်။  မြို့ထဲကိုတော့ ကားလေးတွေနဲ့ ကုန်စည်ကို တစ်ဆင့် သယ်ယူပြီး သက်ဆိုင်ရာနေရာ         တွေမှာပို့ပါတယ်။ ကုန်ကားပေါ် ပါလာတဲ့  သူတွေကိုတော့  ဂိတ်မှာပဲ  တည်းခိုခိုင်းပြီး ဘယ်ကိုမှမသွားဘဲ ကုန်ချပြီးတာနဲ့ ပြန်လွှတ်ပါတယ်” ဟု ဟားခါးမြို့ အဝေးပြေးကားဂိတ်တွင်   တာဝန်ထမ်းဆောင်နေသူဂိတ်မှူးတစ်ဦးက ပြောပါတယ်။ချင်းပြည်နယ် ထွက်ကုန်ပစ္စည်းများမှာ ဒေသတွင်းဖူလုံမှုမရှိသဖြင့် ကလေးမြို့၊ဂန့်ဂေါမြို့၊ မန္တလေးမြို့နှင့် အခြားသော မြို့ကြီးများမှ စားသောက်ကုန်နှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ကို မှာယူနေရပြီ: COVID-19ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရေးအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဝယ်ယူပို့ဆောင်ရေးအဖွဲ့များဖွဲ့ကာ စီစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

စာစုများ -