ချင်းပြည်နယ်အစိုးရမှကိုဗစ်-၁၉ကြောင့်lock downချထားသည့်ကပ်တဲလ်ကျေးရွာသို့ဆန်၊ကုလားပဲနှင့်ငပိများထောက်ပံ့

တီးတိန်   မေ  ၆
 ချင်းပြည်နယ်အစိုးရမှကိုဗစ်-၁၉ရောဂါကြောင့်lock downချထားသည့်ကပ်တဲလ်ကျေးရွာသို့ဆန်၊ကုလားပဲနှင့်ငပိများယမန်နေ့ကထောက်ပံ့ပေးပို့ကြောင်းသိရသည်။
 ထိုသို့ပေးပို့ရာ၌မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးဦးသောင်းစိန်၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးဦးဝုန့်ပြန်းထန်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဦးဂင့်ရှင်းတွမ်တို့ကဆန်အိတ်၂၅၉အိတ်၊ကုလားပဲ၃၅အိတ်ခွဲ၊ငပိ၆၀ပိဿာတို့အားသွားရောက်ပေးပို့ခဲ့သည်။
 ကပ်တဲလ်ကျေးရွာတွင်အစိုးရနှင့်စေတနာရှင်ပြည်သူများ၊လူမှုရေးအသင်းအဖွဲ့အစည်းများ၏ထောက်ပံ့လှူဒါန်းမှုကြောင်းစားနပ်ရိက္ခာဖူလုံလျက်ရှိကြောင်းနှင့်ပြည်နယ်အစိုးရမှတတိယအကြိမ်စားနပ်ရိက္ခာထောက်ပံ့ခြင်းဖြစ်ကြောင်းသိရသည်

စာစုများ -