COVID-19 ​ရောဂါထိန်းချုပ်နိုင်ရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ဟားခါး               မေ            ၆

 

            ချင်းပြည်နယ်၊ COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန် ကြီးကြပ်မှုနှင့်အတူ ဟားခါးမြို့အတွင်း COVID-19 ​ရောဂါထိန်းချုပ်နိုင်ရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မေလ ၆ ရက် နံနက် ၉ နာရီ အချိန်မှစ၍ မြို့နယ်မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ဆက်စပ်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ ပူးပေါင်းအဖွဲ့သည် ဟားခါးမြို့  Facility Quarantine ထားရှိရာ နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းအတွင်း အဆောင်များ၊ ဝန်ထမ်း နားနေဆောင်များနှင့် သင်တန်းကျောင်းဝန်းကျင်များ၊ ဟားခါးခရိုင်စုပေါင်းရုံးနှင့်ဟားခါးမြို့နယ် စုပေါင်းရုံးရှိ ရုံးခန်းများ၊အများသုံး သန့်စင်ခန်းများ၊တံခါးရွက်လက်ကိုင်များအား ပြည်နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြ ကြောင်းသိရှိရသည်။

         ချင်းပြည်နယ်၊ COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ   COVID-19 ​ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကော်မတီ၏ လမ်းညွှန်ချက်နှင့်အတူ ခရိုင်အဆင့်၊မြို့နယ်အဆင့် ဆပ်ကော်မတီများ၊အရပ်ဘက် လူမှုရေးအသင်းအဖွဲ့များမှလည်း COVID-19 ​ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို သတ်မှတ် စည်းမျဉ်များနှင့်အညီ ပြည်သူအားလုံးအကျိုးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

စာစုများ -