ဟားခါးမြို့တွင် Facility Quarantine ဝင်နေသူများအနက်မှ (၂၁)ရက်ပြည့်ပြီးသူ(၄)ဦးကို ပြန်လည်စေလွှတ်၊ စုစုပေါင်းပြန်လည်စေလွှတ်သူ(၈)ဦးရှိပြီးဖြစ်ကြောင်းသိရ

ဟားခါး               မေ            ၆

ချင်းပြည်နယ်အတွင်းသို့ ပြည်ပနိုင်ငံများအား ပြန်လည်ရောက်ရှိလာသူများကို ချင်းပြည်နယ်COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန် မှုနှင့်အတူ Facility Quarantineနေရာများတွင် စနစ်တကျထားရှိဆောင်ရွက်လျက်ရှိရာ ဟားခါးမြို့ နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် Facility Quarantine ဝင်နေသူများအနက်မှ (၂၁)ရက်ပြည့်ပြီးသူ(၄)ဦးကို မေလ(၅)ရက်နေ့ ညနေ ၄ နာရီအချိန်က ပြန်လည်စေလွှတ်ခဲ့ပြီး ၄င်းတို့၏နေအိမ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ Stay Home(၇)ရက် ဆက်လက်နေထိုင်ရန် တာဝန်ရှိသူများ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဟားခါးမြို့တွင် နိုင်ငံရပ်ခြားမှ ပြန်လည်ဝင်ရောက်လာမည့် သူများအား Facility Quarantineထားရှိရန် ဟားခါးမြို့ နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းအပါအဝင် စုစုပေါင်းနေရာ(၁၂)နေရာကို စီစဉ်ထားရှိပြီး မေလ(၅)ရက်နေ့အထိ ဟားခါးမြို့တွင် Facility Quarantine ဝင်ရောက်နေသူ(၁၄၃)ဦး၊ ပြန်လည်စေလွှတ်သူ (၈)ဦး၊ ရောဂါပိုးတွေ့ရှိသူ (၁)ဦး၊ Facility Quarantine နေသူအားလုံးကို ဓာတ်ခွဲစစ်ဆေးခဲ့ပြီးဖြစ်၍ ရောဂါပိုးတွေ့ရှိသူ (၁)ဦးအား ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ကျန်းမာရေးကောင်းမွန်ကြောင်း၊ ကျန်သူများ အားလုံးတွင် ရောဂါပိုး မတွေ့ရှိရကြောင်း သိရှိရသည်။

Facility Quarantine ဝင်ရောက်နေသူများနှင့် ပြန်လည်စေလွှတ်သူ(၄)ဦးတို့အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့်တာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့ကြပြီး ခရစ်ယာန်ဘာသာပေါင်းစုံအသင်းဉက္ကဌ သိက္ခာတော်ရဆရာတော် ဒေါက်တာစတီဗင် လျန်ဟုပ်လိန်းက အားပေးစကားပြောကြားခြင်း၊ဆုတောင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကာ ပြန်လည်စေလွှတ်သူ(၄)ဦးအား ဟားခါးမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ကျန်းမာကြောင်းထောက်ခံစာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စာစုများ -