စစ်ဗျူဟာအဖွဲ့အခြေချ(ဟားခါး)မှ ချင်းပြည်နယ် COVID-19​ ရောဂါ ထိန်းချုပ်ရေးအတွက် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

ဟားခါး               မေ            ၇

ချင်းပြည်နယ်COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ခရိုင်၊မြို့နယ်ပြည်သူ့ ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် အသုံးပြုနိုင်ရန် တပ်မတော်က ပေးပို့လှူဒါန်းသည့် ဆေးရုံသုံးပစ္စည်းများကို စစ်ဗျူဟာအဖွဲ့အခြေချ(ဟားခါး)မှ ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ထံ မေလ ၇ ရက်နေ့က ပေးအပ်လှူဒါန်း ခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ နံနက် ၁၁နာရီအချိန်တွင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများအတွက် မြန်မာ့တပ်မတော်က ပေးပို့လှူဒါန်းသည့် ဆေးရုံသုံးပစ္စည်းများကို စစ်ဗျူဟာအဖွဲ့ အခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသန့်ဇင်ဦးက ချင်းပြည်နယ်အစိုးရအဖွဲ့ ထံသို့ ပေးအပ် လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်မှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်ပြီး နံနက် ၁၁ နာရီခွဲအချိန်တွင် မြန်မာ့တပ်မတော်က ပေးပို့လှူဒါန်းသည့် ဆေးရုံသုံးပစ္စည်းများကို စစ်ဗျူဟာအဖွဲ့ အခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသန့်ဇင်ဦးက ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်လှူဒါန်းရာ ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာဇင်ကိုကိုအောင်က လက်ခံရယူခဲ့ပါသည်။

ချင်းပြည်နယ်COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း တိုက်နယ်ဆေးရုံ(၁၂)နေရာ အပါအဝင် ဆေးရုံစုစုပေါင်း (၁၇)နေရာအတွက် တပ်မတော်မှ ယနေ့ပေးပို့လှူဒါန်းသည့် Pulse Oxymeter Finger Tip(၃)ခု၊ Non-Contact Imfrared Themometer(၃၀)ခု၊Sargical Gloves(၂၅၀၀)ခု ဖြစ်ကြောင်း သိရှိရသည်။

 

စာစုများ -