COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် ဟားခါးမြို့ Facility Quarantine ထားရှိသည့် သူများအား လိုအပ်သည်များသွားရောက်ထောက်ပံ့

 

 

 

ဟားခါး               မေ            ၇

ချင်းပြည်နယ်COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ပြည်နယ်လွှတ်တော် ဉက္ကဌ ဦးဇိုဘွဲ၊ ချင်းပြည်နယ်COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများသည် မေလ ၇ ရက် နံနက် ၁၀ နာရီ အချိန်က ချင်းပြည်နယ် ဟားခါးမြို့၌ Facility Quarantine ထားရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိ၍ Facility Quarantine ဝင်ရောက်သူများ နှင့်တွေ့ဆုံကာ နေထိုင်စားသောက်မှု အပါအဝင် ကျန်းမာရေးလိုအပ်ချက်များရှိပါက အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြရန် အားပေးစကားပြောကြားပြီး လိုအပ်သည့်PPEဝတ်စုံများ၊နှာခေါင်းစည်း (Mask)များ၊ မုန့်ထုပ်များနှင့်ရေသန့်ဗူးများထောက်ပံ့ပေးအပ် ခဲ့ပါသည်။

ထို့နောက် ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာ စတီဗင်လျန်ဟုပ်လိန်းက ဆုတောင်းစကားပြောကြားပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က Facility Quarantine ဝင်ရောက်နေသူများ ကျန်းမာရေး၊ နေထိုင်ရေးများ အဆင်ပြေစွာ ဆောင်ရွက် နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟားခါးမြို့ ဟားခါးကောလိပ်တွင် Facility Quarantine ထားရှိသည့် ကနေဒီအဆောင်သို့ရောက်ရှိပြီးနောက် Facility Quarantine ဝင်ရောက် နေသူများနှင့်တွေ့ဆုံကာ ကျန်းမာရေးသုံးပစ္စည်းများ၊မုန့်ထုပ်များ၊ရေသန့်ဗူးများနှင့် အခြား အသုံးအဆောင် ပစ္စည်းများကို ထောက်ပံ့ပေးအပ်ကာ Facility Quarantine ဝင်ရောက်နေသူများကို အားပေးစကားပြောကြား ခဲ့သည်။

ချင်းပြည်နယ် ဟားခါးမြို့တွင် ယနေ့အထိ Facility Quarantine ဝင်ရောက်နေသူဦးရေ (၁၃၁)ဦးရှိပြီး Home  Quarantine ဝင်ရောက်နေသူဦးရေ (၄၅)ဦးရှိကြောင်း သိရှိရပြီး ချင်းပြည်နယ်COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Facility Quarantine ဝင်ရောက်နေသူများအား နေ့စဉ် ကျန်းမာရေးစစ်ဆေးခြင်း၊ အစားအသောက်များ ကူညီ ထောက်ပံ့ခြင်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊အရပ်ဖက်လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်းကာ စနစ်တကျ စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။ မြင့်နိုင်စိုး(ပြန်/ဆက်)

စာစုများ -