COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်၊ ပြန်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများ ဟားခါးမြို့ Facility Quarantine ထားရှိသည့် နေရာများသို့ လိုအပ်သည်များ ကူညီထောက်ပံ့

 

ဟားခါး                    ​မေ                ၇

 

            ချင်းပြည်နယ်အတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများကို ချင်းပြည်နယ် COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ Facility Quarantine နေရာများတွင် စနစ်တကျထားရှိဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ် COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးရွှေထီးအိုး၊ပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်နှင့် ဟားခါးခရိုင်အုပ်ချုပ်ရေးမှူး၊ ဟားခါး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသည် မေလ ၆ ရက်နေ့  ညနေပိုင်း က Facility Quarantine ထားရှိသည့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် ဟားခါး​​ကောလိပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြန်နယ်ဝန်ကြီးများသည် Facility Quarantine ထားရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့်ဟားခါး​​ကောလိပ်သို့ရောက်ရှိ၍ Facility Quarantine တွင်နေထိုင်သူများနှင့် ကြီးကြပ်ရေး အဖွဲ့များအား ခေါက်ဆွဲခြောက်နှင့် ကြက်ဥများပေးအပ်ခဲ့ပြီး Facility Quarantine တွင် ရောက်ရှိနေသူများ၏ လိုအပ်ချက်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကြိီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၏ တင်ပြချက်များကို  ပေါင်းစပ် ညှိနှိုင်း ပေးခဲ့ပါသည်။

အလားတူဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအနေဖြင့်လည်း ဟားခါး​​ကောလိပ်၊ Facility Quarantine တွင် ရောက်ရှိနေသူများမှ အသက်အရွယ်ကြီးသူများနှင့် ကလေးငယ်များ အဆင်ပြေစွာ အိပ်စက်နိုင်ရေးအတွက် မွေ့ယာများနှင့်လက်အိတ်၊ Msak များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

 

 

 

 

စာစုများ -