ရိခေါ်ဒါရ်မြို့၌ ကိုဗစ်(၁၉)ရောဂါ တားဆီးရေးဆိုင်ရာလုပ်ငန်းများတွင် စွမ်းစွမ်းတမံပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

 

ရိခေါ်ဒါရ်       မေ   ၅

 

          ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီနှင့်ပူးပေါင်းပြီး ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများတွင် လူအင်အား၊ ရောဂါကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အလှူငွေများဖြင့် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များ၊ လူမှုအဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို မေ ၅ ရက် နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

          ရှေးဦးစွာ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အဖွင့်အမှာစကားပြောကြားရာ တွင် ကိုဗစ်(၁၉)ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးသည့် ပုဂ္ဂိုလ်များနှင့် လူမှုအဖွဲ့အစည်းများအား အထူးကျေးဇူးတင်ရှိကြောင်း၊ စေတနာအလှူရှင်များ၊ ပရဟိတလူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုအားကောင်းခြင်းကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟန်မြှင့်ဆောင်ရွက်နိုင်ခြင်းဖြစ် ကြောင်း၊ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရန် ဖိတ်ခေါ်လိုပါကြောင်း ထည့်သွင်းပြောကြားသည့်။

          ထို့​နောက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများတွင် လူအင်အားဖြင့် စွမ်းစွမ်း တမံ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသည့် ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် လူငယ်အဖွဲ့အစည်းများ၊ Chin University Students Union (Rih)အဖွဲ့များကို လည်းကောင်း၊ UV Lamp အလှူရှင် ဒေါက်တာ နန်ကပ်ထန်မိသားစု (ရန်ကုန်)၊ PPE ဝတ်စုံ (၅၀)စုံအလှူရှင် ဒေါက်တာ ဒွေးမောင်မောင်မိသားစု၊ Face Mask အလှူရှင် ကိုမင်းမင်းမိသားစု(ACE Wine&Liquor)၊ ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်ရာများ အလှူရှင် ဦးမြတ်ထွန်းထွဋ် (ချူးရင့်မိသားစု)၊ အသိပညာပေး ရေးဆိုင်ရာ ကြော်ငြာစာများနှင့် လက်ကမ်းစာစောင်များအလှူရှင် စံပြကုမ္ပဏီနှင့် အလှူငွေ၊ ပစ္စည်းနှင့် လူအင်အားတို့ဖြင့် ပူးပေါင်းပါဝင်ကူညီပေးသော ဟွာလ်ငိုဒေသဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (Hualngo Land Development Organization-HLDO)တို့အား မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

          စေတနာအလှူရှင်များ၊ ပရဟိတလူငယ်အဖွဲ့အစည်းများ၏ လှူဒါန်းပေးမှုအခြေအနေမှာ ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများတွင် မြို့အဝင်အထွက် နေရာများ ၌ လူဝင်ထွက်သွားလာမှု နေ့စဉ်စောင့်ကြည့်စစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ခြင်း နှင့် အခြားလိုအပ်သည့် လုပ်ငန်းများအတွက် လူအင်အားဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ ကျပ် သိန်းသုံးဆယ်ကျော်တန်ဖိုးရှိ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ  လှူဒါန်း ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

စာစုများ -