ချင်းပြည်နယ်အစိုးရအဖွဲ့မှ Facality Quarantine နေထိုင်သူများအား အသုံးအဆောင် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်

ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊  ခရိုင်အုပ်ချုပ် ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်မှုဖြင့် (၆.၅.၂၀၂၀)ရက်နေ့၊ ညနေ(၁၅၀၀)နာရီချိန်တွင် နတလလူငယ်သင်တန်းကျောင်း Facility Quarantine နေရာနှင့် ဟားခါးကောလိပ် Facility Quarantineတွင်နေထိုင်သူများ၏ လိုအပ်ချက်များကို မေးမြန်းခဲ့ပြီး ပေါင်းစပ်ဆောင်ရွက်ပေးခြင်း၊  အားပေးစကားပြောပေးခြင်း၊ လိုအပ်သော အသုံးအဆောင်ပစ္စည်းများထောက်ပံ့ပေးခြင်းနှင့်  စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ (၇.၅.၂၀၂၀)ရက်နေ့ (၁၂၀၀)နာရီချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လွှတ်တော်ဉက္ကဋ္ဌ၊ ဝန်ကြီးများ၊ အတွင်းရေးမှူး၊ ခရိုင်အုပ်ချုပ် ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ (COVID-19)ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီနှင့် ပူးပေါင်း၍ Facility Quarantine တွင် နေထိုင်သူများအား လိုအပ်သော အသုံး အဆောင်ပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့်  စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ အားပေးစကားပြောပေးခြင်းတို့ဆောင်ရွက်ခဲ့ကြပြီး (၅.၅.၂၀၂၀) ရက်နေ့(၁၄၃၀)နာရီချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်မှုဖြင့်  ဟားခါးနှစ်ခြင်း အသင်းတော်မှ သင်းအုပ်ဆရာတော်တို့ ပူးပေါင်း၍ Facility Quarantine တွင်နေထိုင်သူများအား အားပေးစကား ပြောပေးခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ အဆောင်အတွင်း၌ ပိုးသတ်ဆေးဖျန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမှုအခြေအနေတို့ကို တင်ပြအပ်ပါသည်။

စာစုများ -