ထန်တလန်မြို့နယ်တွင် နေရပ်ပြန်သူများအား Quarantine Center တွင် (၇.၅.၂၀၂၀)ရက်နေ့ထိ (၄၂)ဦး နေထိုင်လျက်ရှိပြီး ကျန်းမာရေးကောင်းမွန်

 

ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့၌ နေရပ်ဒေသသို့ ပြန်လည်ရောက်ရှိလာသော ပြည်သူများ ၄၂ ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး လက်ရှိတွင် ၂၁ ရက် စခန်းတွင် စောင့်ကြည့်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ သိရသည်။

ထန်တလန်မြို့နယ်တွင် ဧပြီ ၂၉ ရက်က COVID-19 Possitive တွေ့ရှိသူ Case -150 နှင့် အတူ ကလေးမြို့မှ ဟားခါးမြို့သို့ ယာဉ်အတူ စီးနှင်းလာသူများနှင့်နေရပ်ပြန်ပြည်သူများ စုစုပေါင်း ၄၂ ဦးတို့သည် ထန်တလန်မြို့ အမှတ် ၃ ရပ်ကွက်ရှိ န.တ.လ လူငယ်ကျောင်း၌ Facility Quarantine ဖြင့် စောင့်ကြည့်ထားလျက်ရှိသည်။

၂၁ ရက်အား Facility Quarantine ဟုခေါ်သည့် သတ်မှတ်နေရာများတွင်လည်းကောင်း၊ ကျန်သည့် ၇ ရက်အား Home Quarantine အဖြစ်နေအိမ်တွင်လည်းကောင်း၊ စုစုပေါင်း ၂၈ ရက် ထားရှိပြီးမှသာ ၎င်းတို့အား အိမ်အပြင်သို့ ထွက်ခွင့်ပြုထားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဋ္ဌာနမှူး ဒေါက်တာထွန်းပွားကပြောကြားသည်။

အဆိုပါ စောင့်ကြည့်စစ်ဆေးသီးခြားထားရှိသူများကို မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့်ကော်မတီဝင်များ၊ သက်ဆိုင်ရာ ဋ္ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

 

စာစုများ -