ဒေသခံပြည်သူများ စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေး ချင်းပြည်နယ်အစိုးရအဖွဲ့သို့ အလှူငွေများ ပေးအပ်လှူဒါန်း

ဟားခါး                            မေ                          ၁၃

          ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ပြည်သူများ စာနပ်ရိက္ခာဖူလုံမှုရှိစေရေးနှင့် အခြားသောဝန်ဆောင်မှုလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက် CB ဘဏ် (ဟားခါး) နှင့် ရုန်းမိသားစုကုမ္ပဏီလီမိတက်မှ  အလှူငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး  ကော်မတီ အဖွဲ့ဝင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါ သည်။

          ရှေးဦးစွာ CB ဘဏ် (ဟားခါး)မှ ဒုတိယမန်နေဂျာ ဦးကျော်စွာမင်းရှိန် က ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ပြည်သူများ စာနပ်ရိက္ခာဖူလုံမှုရှိစေရေး နှင့်အခြားသောဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးနောက် CB ဘဏ် (ဟားခါး)မှ အလှူငွေကျပ် သိန်း ၅၀ နှင့်ရုန်းမိသားစု ကုမ္ပဏီလီမိတက်မှ အလှူငွေ ကျပ် ၅ သိန်း တို့ကိုပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း Facility Quarantine ဝင်ရောက်နေကြသူများအပါအဝင် ဒေသတွင်းပြည်သူများ၏ စားနပ်ရိက္ခာဖူလုံမှုရှိစေရေး၊ အထောက်အကူပြုနိုင်ရန်အတွက် လှူဒါန်းပေးပါသော CB ဘဏ် (ဟားခါး) နှင့်ရုန်းမိသားစု ကုမ္ပဏီလီမိတက် တို့အား ဒေသခံပြည်သူများ ကိုယ်စား လှိုက်လှဲစွာကျေးဇူးတင်ရှိပါ ကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စေတနာရှင်၊အလှူရှင်များ၏ အား၊ နိုင်ငံတော်အစိုးရ၏အား တို့ဖြင့် COVID-19​ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပါကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။

                                                                                                     မြင့်နိုင်စိုး ပြန်/ဆက်

စာစုများ -