ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ကျင်းပပြုလုပ်

       ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်လူမှုရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်းကာ Quarantine Center များတွင် ဝင်ရောက်နေသူများအား ကူညီဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းကို (၂၀.၅၀၂၀၂၀)ရက်နေ့ နံနက် ၉နာရီအချိန်တွင် မြို့နယ်ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်မှ အမှာစကားပြောကြားခဲ့သည်။  ဆက်လက်၍ ချင်းပြည်နယ် လူမှုရေးဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်က သင်တန်းနှင့်ပတ်သက်၍ သင်ကြားပို့ချမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၃၈)ဦး တက်ရောက်ပြီး လူမှုပိုင်းဆိုင်ရာပံ့ပိုးခြင်းနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုများလည်းကောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါများစောင့်ရှောက်မှု၊ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်ပြုစု စောင့်ရှောက်မှုနှင့် ပိုးသတ်ဆေးအသုံးပြုခြင်း၊ လက်ဆေးခြင်း၊ PPE ဝတ်စုံဝတ်နည်းစသည့် ခေါင်းစဉ်(၆)ခုက်ု မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာ/မ (၃)ဦးက သင်တန်းပို့ချခဲ့ကြောင်းသိရသည်။

စာစုများ -