MPT မှ ဟားခါးတက္ကသိုလ်နှင့် အားကာသိပ္ပံကျောင်းတွင် Facility Quarantine ထားရှိသော ပြည်သူများထံသို့ Saw Saw Shar Application ထည့်ပေးခြင်းနှင့် ဖုန်းများကို အခမဲ့မှတ်ပုံတင်ပေးခြင်း

           Coronavirus Disease 2019- Covid 19 အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကို  ထိန်းချုပ် ကာကွယ်နိုင်ရန် ရည်ရွယ်၍ စောစောရှာ( Saw Saw Shar ) Applicationကို  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ဝေခဲ့ပါသည်။ စောစောသိရှိခြင်းဖြစ် Covid 19  အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်မှုရှိ/မရှိကို စောစောရှာနိုင်ခဲ့ပြီ စောစောကုသ၍ မိမိနှင့်မိမိပတ်ဝန်ကျင်ကို   ကာကွယ်နိုင်ဖို့  စောစောရှာ  (  Saw   Saw  Shar ) Application  အကြောင်းကို ချင်းပြည်နယ် ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (   MPT   ) မှ ချင်းပြည်နယ် ဟားခါးတက္ကသိုလ် (  Hakha  University  )နှင့်  အားကာသိပ္ပံကျောင်းတွင် Facility  Quarantine ထားရှိသော ပြည်သူများထံသို့  စောစောရှာ(Saw Saw Shar) Application ထည့်ပေးခြင်းနှင့်  ဖုန်းများကိုအခမဲ့မှတ်ပုံတင် (Phone Registration  )ပြုလုပ်ပေးခြင်း လုပ်ငန်းကို ( ၂၀-၅-၂၀၂၀ )ရက်နေ့တွင် ပြုလုပ်ပေးခဲ့ပါသည်။

စာစုများ -