ထန်တလန်မြို့၌ ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

             ထန်တလန်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀နာရီ အချိန်က မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ကျင်ငိုက်မန်နှင့်ဝန်ထမ်းများက ထန်တလန်မြို့တွင်းရှိ ဈေးဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများထံ ဖြန့်ဝေခဲ့သည်။ အဆိုပါ ကိုဗစ်-၁၉ရောဂါ မပြန့်ပွားစေရေးအတွက် ဖြန့်ဝေသော သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများနှင့် လက်တွေ့အခြေအနေများအား ဆွေးနွေးရာတွင် ပြောကြားချက်မှ ကောက်နုတ်ချက်များ၊ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်၊ တေးသံရှင်များ၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များ၊ လက်ဆေးနည်း၊ ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အသိပေးနှိုးဆော်ချက်များ ပါဝင်ကြောင်း သိရသည်။

စာစုများ -