အိန္ဒိယနိုင်ငံမှ နေရပ်ပြန်ပြည်သူ (၃၃)ဦး ချင်းပြည်နယ်၊တီးတိန်မြို့၌ Facility Quarantine ခံယူမည်

           အိန္ဒိယနိုင်ငံမှ နေရပ်ပြန်ပြည်သူ (၃၃)ဦးသည် မေ ၂ ၂ ရက် ယနေ့တွင် ရိဒ်နယ်စပ်ဂိတ်မှ ချင်းပြည်နယ်၊ တီးတိန် မြို့သို့ရောက်ရှိပြီး FBBC ဓမ္မသင်တန်းကျောင်း၌ Facility Quarantine ခံယူမည်ဖြစ်​ကြောင်း သိရသည်။  အဆိုပါ ဓမ္မသင်တန်းကျောင်းအား Facility Quarantine Center အဖြစ်လျာထားခဲ့ပြီး တီးတိန်မြို့ စေတနာ့လူငယ်အဖွဲ့မှ တာဝန်ရှိသူတို့က ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

စာစုများ -