အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ ၁၆ ဦးအား ရိခေါ်ဒါရ်မြို့မှတစ်ဆင့် တီးတိန်မြို့ရှိ FBBC ဓမ္မသင်တန်းကျောင်း၌ Facility Quarantine ထားရှိရန် ဆက်လက်ပို့ဆောင်ပေး

           အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ နေရပ်ပြန်လာသူ ၁၆ ဦးတို့အား မေ ၂၁ ရက်၌ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြရာ ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်း ကျောင်းခွဲရှိ ကြိုတင်ပြင်ဆင်ထားသည့်နေရာ၌ တစ်ညအိပ်ရပ်နားခဲ့ကြောင်း သိရသည်။  အဆိုပါ နေရပ်ပြန်လာသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း၊ ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်၊ ဖလမ်းမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာတလွန်ကျုံးထန်းနှင့် ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်တို့က Covid-19 ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာရန်လိုအပ်ချက်များ၊ ကျန်းမာရေးဆိုင်ရာထုတ်ပြန်ချက်များနှင့် အားပေးနှစ်သိမ့်စကားများပြောကြားပေးခဲ့ကြောင်း၊ ဖလမ်းခရိုင်ဆေးရုံအုပ်ကြီးမှ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်နယ်ဝန်ကြီးမှ စားသောက်ဖွယ်ရာများနှင့် အလှူငွေ များကို နေရပ်ပြန်လာသူ တစ်ဦးချင်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။   အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ ၁၆ ဦးတို့သည် အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး တစ်ဦးတို့ဖြစ်ပြီး ကလေးမြို့နယ်၊ ဟားခါးမြို့နယ်၊ တီးတိန်မြို့နယ်၊ မင်းတပ်မြို့နယ်၊ ပလက်ဝမြို့နယ်၊ ကျီခါးမြို့နှင့် ရန်ကုန်မြို့များ၌ နေထိုင်သူများဖြစ်ကြကြောင်း၊ အဆိုပါ နေရပ်ပြန် လာသူများအား တီးတိန်မြို့ရှိ FBBC ဓမ္မသင်တန်းကျောင်း၌ Facility Quarantine ၂၁ ရက် ထားရှိရန် ချင်းပြည်နယ် Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ စီစဉ်ထားသည့် မော်တော်ယာဉ်ဖြင့် တီးတိန်မြို့သို့ မေ ၂၂ ရက်၌ ဆက်လက်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

စာစုများ -