ကန်ပက်လက်မြို့၌ COVID-19ရောဂါစောင့်ကြည့်(၂)ဦးအား တေးသီချင်းများဖြင့် ဖျော်ဖြေပေး

        ကန်ပက်လက်မြို့၊ နယ်စပ်ရေးရာပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းအိပ်ဆောင်တွင်ထားရှိသော မလေးရှားနိုင်ငံမှပြန်လာသူ ကိုရိုနာဗိုင်းရပ်စ်ရောဂါစောင့်ကြည့်(၂)ဦးအား စိတ်ဓာတ်ပိုင်းဆိုင်ရာမြှင့်တင်မှုအနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနင့် လူမှုဝန်ထမ်းဦးစီးဌာနတို့၏စီစဉ်မှုဖြင့် ကန်ပက်လက်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့များမှ ဝါသနာရှင်လူငယ်မောင်မယ်များက တေးသီးချင်းများဖြင့်မေလ၂၂ရက်မွန်းလွဲပိုင်းက အဆိုပါအိပ်ဆောင်ရှေ့၌ဖျော်ဖြေ သီဆိုပေးကြသည်။ အဆိုပါဖျော်ဖြေရာသို့မြို့နယ်အုပ်ချုပ်ရေးမှူးဦးချန်ဖီယာန်၊မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူးဒေါ်နေမနားနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများတက်ရောက်အားပေးကြပြီး ဖျော်ဖြေပေးသောလူငယ်မောင်မယ်များသို့ သက်ဆိုင်ရာများကဆုငွေများ ပေးအပ်ကြကြောင်းသိရသည်။

စာစုများ -