တီးတိန်မြို့ပြည်သူ့ဆေးရုံသို့ မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်နှင့် အသင်းတော်များအဖွဲ့ချုပ်တို့က အလှူငွေပေးအပ်လှူဒါန်း

         မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ပထမဦးဆုံးတွေ့ရှိသည့် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါထိန်းချုပ်ကာကွယ်၊ကုသရေးလုပ်ငန်းများ၌အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်(MBC)၊ မြန်မာနိုင်ငံနှစ်ခြင်းအသင်းတော်များအဖွဲ့ ချုပ်နှင့် Rev.Dr. Cyrus Sein Director of Theological ချုပ် Department မိသားစုတို့က အလှူငွေများ ပေးပို့လှူဒါန်းကြကြောင်း သိရသည်။  မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် ( Myanmar Baptist Convention) ရန်ကုန်မှ အလှူငွေကျပ် သိန်း၃၀ ကိုလည်းကောင်း၊ Rev.Dr.Cyrus Sein (Director of Theological Education Department;MBC) မိသားစုမှ(ဧပြီလ၊လစာငွေ) အလှူငွေ ကျပ် ၁၄၆၉၅၀/-ကိုလည်းကောင်း၊ မြန်မာနိုင်ငံနှစ်ခြင်းအသင်းတော်များအဖွဲ့ချုပ် (MBCU) ရန်ကုန်မှ အလှူငွေကျပ် ၅၀၀,၀၀၀/-ကိုလည်းကောင်း အသီးသီးပေးပို့လှူဒါန်းကြရာ အလှူရှင်များကိုယ်စား တီးတိန်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော်ဝုန်ဆွင်းမုန်က ပေးအပ်ကာ မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်လက်ခံရယူပြီး ဂုဏ်ပြုလွှာများပြန်လည်ပေးအပ်ကြောင်းသိရှိရပါသည်။

စာစုများ -