တီးတိန်မြို့နယ်၊မွာလ်နွမ်း(ခ)-လိုင်တွီး ကျေးရွာချင်းဆက် ၃/၀ မိုင် လမ်းတာချဲ့ခြင်း လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ပြီးစီး
 
တီးတိန် မေ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊နယ်စပ်ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်၊ခွင့်ပြုရန်ပုံငွေကျပ် ၅၁ ဒသမ ၃၀၀ သန်းဖြင့်Acient Brother ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊မွာလ်နွမ်း(ခ)-လိုင်တွီး ကျေးရွာချင်းဆက်လမ်း၊အကျယ် ၂၁ ပေ၊(၃ပေ×၂ပေ)ရေ​မြောင်းအပါအဝင်၊အကွာအဝေး ၃/၀မိုင် လမ်းတာချဲ့ခြင်းလုပ်ငန်းအားမေ ၂၃ ရက်နေ့တွင် ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း တီးတိန်မြို့နယ် ဖွံ့ ဖြိုးမှုကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့လမ်းတာချဲ့ခြင်းလုပ်ငန်းတွင်
မွာလ်နွမ်း(က)ကျေးရွာတာဝန်ခံ ဦးခုပ်ရှင်းဒေါင့်ကအဖက်ဖက်မှ ကူညီးပံ့ပိုးကူညီးပေးကြသည့်နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိကြောင်း၊ပြောကြားပြီး ကျေးရွာလမ်းကော်မတီအဖွဲ့မှ ဦးတွာလ်ဒို့နန်က ကျွန်တော်တို့ကျေးရွာနေ ပြည်သူများ စားဝတ်နေရေး အဆင်ပြေနိုင်ရန် တီးတိန် နှင့်အလှမ်းဝေးကွာ၍ လိုင်တွီး ကျေးရွာတွင် စျေးရောင်း၊စျေးဝယ်နေရသည့်အတွက် ရှေ့လုပ်ငန်းစဥ်တွင် ကျန်ရှိနေသည့် ၆ မိုင်အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် တင်ပြလိုကြောင်းပြောကြားသည်။
ထို့နောက် တီးတိန်မြို့နယ်ဖွံ့ ဖြိုးမှုကြီး ကြပ်ရေးရုံးမှ ဒုတိယဦးစီးမှူးဒေါ်ခင်သီတာကတင်ပြချက်ကို ရှေ့လုပ်ငန်းစဥ်အဖြစ်ဆောင်ရွက်ရန် လျာထားပြီးဖြစ်သဖြင့် ခွင့်ပြုရန်ပုံငွေ ကျလာပါကအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ယခုလုပ်ငန်းပြီးစီးပြီဖြစ်သည့် ၃/၀ မိုင်အား ရေရည်တည်တံ့ခိုင်​မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြပါရန်၊ကုမ္ပဏီနှင့် ၂ နှစ်စာချုပ်ဖြင့် ဆောင် ရွက်ခဲ့ခြင်းဖြစ်သည့်အတွက် လိုအပ်ပါကအကူအညီတောင်းခံနိုင်ပါကြောင်း ရှင်းလင်းသည်။
အဆိုပါမွာလ်နွမ်း(ခ)-လိုင်တွီး၊လမ်းတာချဲ့ခြင်းလုပ်ငန်းပြီးစီးပါက မွာလ်နွမ်း(ခ)၊မွာလ်နွမ်း(က)၊ထာလ်မွာလ်၊ဂေါစိန်း၊ဖိုင်ဇား၊ထိိန်းလေး၊ကျေးရွာများမှ ​ပြည်သူ ၂၇၉၅ ဦးအတွက် အကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
စာစုများ -