ဟားခါးမြို့နယ်အတွင်း ပြောင်းခင်းများ သီးနှံဖျက်ပိုးကျရောက်မှု ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်း၍ ကင်းထောက်မှတ်တမ်းဆောင်ရွက်

 

ဟားခါး                        မေ                   ၂၆

            ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးထားသည့် အစေ့ထုတ်ပြောင်းစိုက်ခင်းများတွင် ဖျက်ပိုးများကျရောက် လျက်ရှိသဖြင့် ဟားခါးခရိုင်စိုက်ပျိုးရေးမန်နေဂျာ ဦးဟုန်းကီးနှင့်ဝန်ထမ်းများ၊ ဟားခါးခရိုင် သီးနှံကာကွယ်ရေး တာဝန်ခံ ဦးခင်မောင်ဝင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးရုံး ကွင်းတာဝန်ခံ ဦးကျုံဇဲလ်တို့သည် မေလ ၂၆ရက် နံနက် ၉နာရီ အချိန်တွင် ကွင်းဆင်း၍ ကင်းထောက်မှတ်တမ်း ရယူပြီး ကာကွယ်နှိပ်နင်းခြင်း လုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

            ရှေးဦးစွာ ဟားခါးခရိုင်စိုက်ပျိုးရေးမန်နေဂျာ ဦးဟုန်းကီးနှင့်ဝန်ထမ်းများသည် ဟားခါးမြို့နယ် သီဖူးလ် ကျေးရွာရှိ တောင်သူ ၁၂ဦး တို့၏ အစေ့ထုတ်ပြောင်းစိုက်ခင်းသို့ ရောက်ရှိပြီး ပြောင်းခင်းအတွင်း ဖျက်ပိုးများ ကျရောက်မှုကို ကြည့်ရှု စစ်ဆေးကာ ကင်းထောက်မှတ်တမ်းရယူပြီး ကာကွယ်နှိပ်နင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် တောင်သူများနှင့် တွေ့ဆုံကာ ရာသီအလိုက် ကျရောက်လာတတ်သော ဖျက်ပိုးများ ကာကွယ်နှိပ်နင်းရေးနှင့် သီးနှံများ အောင်မြင် ဖြစ်ထွန်းရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးသရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

           

 

စာစုများ -