တီးတိန်မြို့နယ်အတွင်းရှိ အခြေခံကျန်းမာ ရေးဝန်ထမ်းများနှင့် မြို့နယ်၊တိုက်နယ်ဆရာဝန်များသို့Mobile Tabletများဖြန့်ဝေခြင်းအခမ်းအနားပြုလုပ်

 

  တီးတိန်  မေ  ၂၇

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ချင်းပြည် နယ်၊တီးတိန်မြို့နယ်အတွင်းရှိ အခြေခံ

ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်၊တိုက်နယ်ဆရာဝန်များသို့Mobile Tablet များဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့က တီးတိန်မြို့ခွာဒိုခန်းမ၌ပြုလုပ်သည်။ အဆိုပါအခမ်းအနား၌ချင်းပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်၊တက်ရောက်ပြီးအမှာစကားပြောကြားရာတွင် Mobile Tablet ကိုင်တွယ်အသုံးပြုရာ၌ကျန်းမာရေးစာအုပ်လိုကိုင်တွယ်အသုံးပြုစေလိုကြောင်း၊ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ရန်လေ့ကျင့်ကြရန်လိုကြောင်း၊နည်းစနစ်​များဖွံ့ဖြိုးတိုးတက်ရန် ပြည်ထောင်စု၏ အိပ်မက်များ အားလုံးစုပေါင်းပြီးအကောင်အထည်ဖော်ဆောင်ရွက်ရန်အရေးကြီးကြောင်းစသည်များမှာကြား​သွားသည်။ဆက်လက်၍ဆေးရုံအုပ်ဒေါက်တာဇော်မြင့်နိုင်ကMobile Tabletများပေးအပ်ရခြင်းရည်ရွယ်ချက်များရှင်းလင်းတင်ပြသည်။ထို့နောက်လူမှု​ရေးဝန်ကြီးနှင့်တာဝန်ရှိသူတို့ကMobile Tablet(၂၁၄)လုံးအားသက်ဆိုင်ရာဝန်ထမ်းများထံသို့ပေးအပ်သည်။

   Mobile Tablet များပေးအပ်ဖြန့်ဝေခြင်းအခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပူဂင့်ကမ်းလျန်း၊ပြည်နယ်လွှတ်တော်ကိုယ်စား

လှယ်ဦးထန်ဒိတ်ခုပ်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများတက်ရောက်သည်။

   တီးတိန်မြို့နယ်တွင်တိုက်နယ်ဆေးရုံ(၃)၊ကျေးလက်ကျန်းမာရေးဌာန(၁၉)၊ကျေးလက်ကျန်းမာရေးဌာနခွဲ(၇၁)ရှိကြောင်းသိရသည်။

 

စာစုများ -