ရိခေါ်ဒါရ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်း အရှိန်အဟုန်မပျက် ပူးပေါင်းဆောင်ရွက်

 

ရိခေါ်ဒါရ်        မေ     ၂၇

 

          ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် ရပ်ကွက်လူငယ်အဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် နေ့စဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများဆောင်ရွက်ရာ တွင်  ရိခေါ်ဒါရ်မြို့အဝင်နေရာများ၌ ဌာနဆိုင်ရာများနှင့် ရပ်ကွက်လူငယ်များ ပူးပေါင်းပြီး လူဝင် ထွက်သွားလာမှုစောင့်ကြည့်စစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်များ မှတ်တမ်းပြုစုထားရှိခြင်း၊ ကျန်းမာရေးအခြေအနေစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် အခြားမြို့နယ်၊ အခြားဒေသများမှ ဝင်ရောက်လာသူများအား Facility Quarantine စောင့်ကြည့်ထားရှိနိုင်ရန် စီစဉ် ဆောင်ရွက်ခြင်း၊ လူအများဝင်ထွက်သွားမှုများပြားရှိသည့် ဌာန၊ ရုံးနှင့် စျေးနေရာများအား ပိုးသတ်ဆေးဖျန်းခြင်း၊ ဒေသအတွင်းပြည်သူများ စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိပဲ အပြင်ထွက်ခွာသွားလာလှုပ်ရှားမှု မရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက် များအား ရပ်ကွက်အတွင်း လှည့်လည်ဆော်သြအသိပညာပေးခြင်းများကို အရှိန်အဟုန်မပျက် နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများအား မြို့အဆင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီဥက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် ကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်မှုအပေါ် လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်းပေးရန် နေ့စဉ် လှည့်လည်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

စာစုများ -