ဟားခါးမြို့တွင် Facility Quarantine (၂၁)ရက်ပြည့်ပြီးသူ (၉)ဦးအား ပြန်လည်စေလွှတ် ပြီးနောက် Facility Quarantine Centerများသို့ ပိုးသတ်ဆေးဖျန်းခြင်းများ ဆက်လက်ဆောင်ရွက်

 

ဟားခါး               မေ            ၂၉

ချင်းပြည်နယ်၊ COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန် ကြီးကြပ်မှုနှင့်အတူ ဟားခါးမြို့အတွင်းသို့ တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် သူများအား ဟားခါးမြို့၊နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံဖြိုးရေးသင်တန်းကျောင်း Facility Quarantine  တွင်ထားရှိသူ (၅)ဦးနှင့် ပြည်နယ်ပြင်ပမှ ပြန်လည်ဝင်ရောက်လာပြီး အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း (ဟားခါး) Facility Quarantine  တွင်ထားရှိသူ (၄)ဦးတို့မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ စစ်ဆေးချက်အရ ရောဂါပိုး မတွေ့ရှိရတော့ခြင်း၊ Facility Quarantine ၂၁ ရက်ပြည့်ပြီဖြစ်ခြင်း တို့ကြောင့် မေလ ၂၉ ရက်နံနက် ၁၀ နာရီအချိန်တွင် ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာများနှင့်အတူ စားစရိတ်များပေးအပ်၍ ပြန်လည် စေလွှတ်လိုက်ပြီဖြစ်ကြောင်း သိရှိရပြီး ပြန်လည်စေလွှတ်သူများအားလုံးကို ၄င်းတို့၏ နေအိမ်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရန် ဟားခါးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့်တာဝန်ရှိသူများက မှာကြားခဲ့ ကြောင်းသိရှိရသည်။

ထို့နောက် ချင်းပြည်နယ်၊ COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၏လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ စစ်ဗျူဟာအဖွဲ့အခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ခေတ္တပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်နှင့် မီးသတ်တပ်ဖွဲ့ ဝင်များပူးပေါင်း၍ COVID-19 ​ရောဂါပြန့်ပွားမှုမရှိစေရေးဟားခါးမြို့ပေါ် ရပ်ကွက် များရှိ Facility Quarantine Centerများနှင့် မီးသတ်ဦးစီးဌာနရုံးများသို့ ရောက်ရှိ၍ ပြည်နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏လမ်းညွှန်ချက်နှင့်အညီ ပိုးသတ်ဆေး ဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရာ စစ်ဗျူဟာအဖွဲ့အခြေချ(ဟားခါး)မှ ဗိုလ်မှူးကြီး သန့်ဇင်ဦးနှင့် ပြည်နယ်မီးသတ် ခေတ္တဦးစီးမှူး ဦးကျော်ကျာ်တို့က ကြီးကြပ် ဆောင်ရွက် ခဲ့ကြကြောင်းသိရှိရပါသည်။

စာစုများ -