တီးတိန်မြို့နယ်၌ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မှုများ ကွင်ဆင်းစစ်ဆေး


               တီးတိန်     မေ     ၃၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊နယ်စပ်ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့  ဖြိုးတိုးတက်ရေးဦးစီးဌာန(အိန္ဒိယ-မြန်မာချစ်ကြည်ရေး)
အိန္ဒိယနိုင်ငံ၏ စတုတ္ထအကြိမ်အထောက်အပံ့ ရန်ပုံငွေဖြင့်တည်ဆောက်သည့်လုပ်ငန်းများကို ချင်းပြည်နယ်၊တီးတိန်မြို့နယ် ဖွံ့  ဖြိုးမှုကြီးကြပ်ရေးရုံး၊လက်ထောက်ညွှန်ကြာရေးမှူး ဦးသောင်းစိန်နှင့် တာဝန်ရှိသူတို့က မေ ၂၉ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
    ထိုသို့စစ်ဆေးရာတွင် 3Brother Star
ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၀ ဒသမ ၀၀ သန်းဖြင့် တာဝန်ယူတည်ဆောက်သည့်
အန်းလန်းကျေးရွာ အခြေခံပညာအလယ် တန်းကျောင်းဆောင်သစ် (၉၀ပေ×၃၀ပေ×၁၂ပေ)RCC နှစ်ထပ် တည်ဆောက်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီးမှုနှင့် အဆိုပါကျေးရွာတွင် (၂၄ပေ×၁၈ပေ×၁၂ပေ)တန်ဖိုးနည်းဝန်ထမ်းအိမ်ရာတစ်လုံး တည်ဆောက်ခြင်းလုပ်ငန်း
အားလုံးပြီးစီးနေမှုကိုလည်းကောင်း၊တီပီစီတီကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ကျပ် ၄၂၉ ဒသမ ဝဝဝ သန်းဖြင့် တာဝန်ယူတည်ဆောက်သည့် အန်းလန်း-မဏိပူရ်မြစ်ကားကူးကြိုးတံတား(၃၃၀ပေ×၁၂ပေ)၊ခံနိုင်ဝန် (၁၃)တန်၊အန်းလန်းတံတားတည် ဆောက်ခြင်းလုပ်ငန်း ၇၅ရာခိုင်နှုန်းပြီးစီးမှုကိုလည်းကောင်း၊ကွင်းဆင်းစစ်ဆေးခဲ့သည်။
    ထို့အပြင် 3Brother Star မှ ခွင့်ပြုရန်ပုံ ငွေ ကျပ် ၁၅၂ ဒသမ ၁၉၂ သန်းဖြင့် တာဝန်ယူတည်ဆောက်သည့် မဏိပူရ်မြစ်ကားကူး
ကြိုးတံတား(ဖီရ်တွန့်)တံတား ရေရှည်တည်
တံ့ခိုင်မြဲရေးအတွက် (၁၀၀ပေ×၂၀ပေ)နှစ်ဖက် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ၄၀ ရာခိုင်နှုန်းပြီးစီးမှုကိုလည်း ကောင်း၊ကွင်းဆင်းစစ်ဆေး​ပြီး လုပ်ငန်းလိုအပ်ချက်များနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရန် ညွှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

စာစုများ -