ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်သတ္ထုဝန်ကြီး ဦးမန်ဟင်းဒါလ် ဟားခါးမြို့နယ် သစ်တောဦးစီးဌာန၏ မိုးရာသီ သစ်စေ့မြေလုံး ၁၅၀၀၀၀ စိုက်ပျိုးပွဲတော်သို့ တက်ရောက်

 

ဟားခါး               မေ            ၃၀

          ချင်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ချင်းပြည်နယ် သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုနှင့်အတူ ဟားခါးမြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပ၍ လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်စေ့မြေလုံး တစ်သိန်းခွဲစိုက်ပျိုးသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉နာရီအချိန်က ဟားခါးမြို့နယ် သီတာကျေးရွာအနီးတွင် ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့်သတ္ထု ဝန်ကြီး ဦးမန်ဟင်းဒါလ်၊ ပြည်နယ် သစ်တောဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးကျော်မင်းသိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ် သစ်တောဦးစီးဌာနမှူး ဦးသန်းထွန်းဦးနှင့်ဝန်ထမ်းများ ၊ ဟားခါးမြို့မှ လူမှု အဖွဲ့အစည်းများ ဖြစ်သော GREEN,KMSSနှင့် CARTတို့မှ အဖွဲ့အစည်းဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

          အစီအစဉ်အရ ချင်းပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်သတ္ထုဝန်ကြီး ဦးမန်ဟင်းဒါလ်နှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အရပ်ဖက် လူမှုအသင်းအဖွဲ့ဝင်များအား ထင်းရှူး၊ချယ်ရီနှင့်ရေသင်းဝင် သစ်စေ့ မြေလုံးမျိုးစေ့များအား စိုက်ပျိုးရန် ပေးအပ်ပြီးနောက် မြို့နယ်သစ်တော ဦးစီးဌာနက သတ်မှတ် ထားသော နေရာအသီးသီးတွင် သစ်ပင်စိုက်ပျိုးပွဲတော်ကို တပျော်တပါးတည်း စိုက်ပျိုးခဲ့ကြပါသည်။

          မြို့နယ် သစ်တောဦးစီးဌာနမှ ယနေ့ စိုက်ပျိုးခဲ့သော အပင်မျိုးစေ့များမှာ ထင်းရှူးသစ်စေ့မြေလုံး ၇၀၀၀၀၊ ချယ်ရီသစ်စေ့မြေလုံး ၅၀၀၀၀နှင့် ရေသင်းဝင်မျိုး သစ်စေ့မြေလုံး ၃၀၀၀၀ စုစုပေါင်း မျိုးစေ့ တစ်သိန်းခွဲကို စိုက်ပျိုးခဲ့ကြပြီး မျိုးစေ့များ အောင်မြင်ကြီးထွားမှုကို စမ်းသပ်နိုင်ရန် အချင်းဝက် ၃ပေရှိသော စက်ဝိုင်းပုံ ကွန်တို စနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်ပြီး မျိုးစေ့များ အောင်မြင်ဖြစ်ထွန်းရေးအတွက် စနစ်တကျ ပြုစုပျိုးထောင်ကာ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးသန်းထွန်းဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

စာစုများ -