ချင်းပြည်နယ်ဝန်ကြီးချုပ်က ဖလမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများအား Mobile Tablet ပေးအပ်ပွဲသို့ တက်ရောက်

           ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး၊ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၃၀ ရက် နံနက်က ဖလမ်းမြို့ မြို့တော်ခန်းမအဆောက်အဦသစ်ဆောက်လုပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်း လင်းတင်ပြကြသည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများအား Mobile Tablet ပေးအပ်ပွဲကို ဖလမ်းခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီး ချုပ်က အမှာစကားပြောကြားပြီး ချင်းပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံက Mobile Tablet ပေးအပ်ရခြင်းရည်ရွယ်ချက်နှင့် အသုံးပြု နည်းများကို ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထောက်ပံ့သော Mobile Tablet (၁၀)ခုကို ဖလမ်းမြို့နယ်အတွင်း ကျန်းမာရေး ဝန်ထမ်းများအား ပေးအပ်သည်။  ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင်အမှတ်(၆၈/၅)ရှိ မဏိပူရ်မြစ်ကူး ဗားရ်တံတား အမှတ်(၂) တည်ဆောက်မှုအခြေအနေ၊ ဖလမ်း-ကမ္ဘားနီလမ်း မိုင်တိုင်အမှတ် (၁၉)အနီးတွင် ဆောက်လုပ်လျက်ရှိသည့် မာရိုတံတား တည်ဆောက်မှုအခြေအနေနှင့် ဘုတ်ချောင်း တံတား တည်ဆောက်နိုင်ရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက် များကို မှာကြားခဲ့ကြောင်းသိရသည်။

စာစုများ -