ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ကြီးမှူးကျင်းပသည့် စံပြရဲ ​ရွေးချယ်​ရေးအတွက် ပြည်နယ်အဆင့်ရေး​ဖြေစာ​မေးပွဲ ကျင်းပ

         ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ကြီးမှူးကျင်းပသည့် ပြည်နယ်အတွင်း တာဝန်ထမ်ူ​ဆောင်လျက်ရှိ​သော ရဲတပ်ဖွဲ့ဝင်များ စံပြရဲ ​ရွေးချယ်​နိုင်ရေး အတွက် ​ရေး​ဖြေစာ​မေးပွဲကို ​မေလ ၃၀ ရက် ​နေ့မွန်းလွဲ ၂ နာရီအချိန်က ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲဇာနည် ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့​ကြောင်းသိရှိရပါသည်။   အဆိုပါ စံပြရဲ ​ရွေးချယ်နိုင်​ရေး ပြည်နယ်အဆင့်​ရေး​ဖြေစာ​မေးပွဲသို့ ပြဘ်နယ်အတွင်းမှ ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ စုစု​ပေါင်း ၂၂ ဦးဝင်​ရောက်​ဖြေဆိုခဲ့ကြပြီး ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးခင်​ကျော်နှင့်တာဝန်ရှိသူများက ကြီးကြပ် ​ဆောင်ရွက်ခဲ့ကြ​ကြောင်း၊​ ​ရေး​ဖြေ​အောင်မြင်သူများကို မေလ ၃၁ ရက်​နေ့တွင် လူ​တွေ့ စစ်​ဆေးခြင်း ကျင်းပ သွားမည်ဖြစ်ပြီး ပြည်နယ်အဆင့် ​ရွေးချယ်​အောင်မြင်သူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် စာ​မေးပွဲ​ဖြေဆိုရန် ဆက်လက်​စေလွှတ်သွားမည်ဖြစ်ပြီး စံပြရဲ ​ရွေးချယ်​ ခံရသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့​နေ့ ၌ ဆုချီးမြှင့်​ပေးသွားမည်ဖြစ်​ကြောင်း သိရှိရပါသည်။

စာစုများ -