တီးတိန်မြို့နယ်၌ ၁ နှစ်ခွဲအောက် ကလေးများ ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊တိုက်ကျွေး

         ချင်းပြည်နယ်၊တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်ဆိုင်းထားသည့် ပုံမှန်ကာကွယ်ဆေးများကို  ၁ နှစ်ခွဲအောက်ကလေးများအား ဇွန် ၁ ရက်နေ့တွင် ပြန် လည်စတင် ထိုးနှံ၊တိုက်ကျွေးလျက်ရှိသည်။  တီးတိန်မြို့နယ်အတွင်း အသက် ၁ နှစ်ခွဲအောက် ကလေးစုစုပေါင်း ၁၉၄၇ဦး ရှိ​ပြီးယနေ့တွင် မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာများတွင် စတင်ထိုးနှံ၊တိုက်ကျွေးလျက် ရှိကြောင်း၊ထိုသို့ ထိုးနှံ၊တိုက်ကျွေးရာတွင်ကိုဗစ်-၁၉ ရောဂါကြောင့် စုရပ် (၁)ခု လျှင်ကလေး (၅၀)ဦးထက်  မပိုရန်သတ်မှတ်ထားသည်။  ကာကွယ်ဆေးမှာ ဧပြီ၊မေ၊ဇွန် (၃)လစာအတွက်ဖြစ်ပြီးဘီစီဂျီ(BCG)၊ပိုလီယို (Polio)၊ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(Rota)၊ပြင်းထန်အဆုတ်ရောင်(PCV)၊(ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊အသဲရောင်အသား ဝါဘီ၊ဦးနှောက်အမြှေးရောင်) (၅) မျိုးစပ်ကာကွယ်ဆေး(TDP)၊ဝက်သက်-ဂျိုက်သိုး (Mealse)၊ဂျပန်ဦးနှောက်ရောင်(JE)၊ကာကွယ်ဆေးများဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စာစုများ -