ဖလမ်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝဥစံပြစိုက်ခင်း ဖော်ဆောင်လျက်ရှိ

         ဖလမ်းမြို့ရှိ ဒေါ်ကျဲရ်စင်ပါရ်၏ စိုက်ခင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မေလ စတုတ္ထပတ်ကစ၍ ဝဉစံပြစိုက်ခင်းအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။  “ဖလမ်းမြို့နယ်စိုက်ပျိုးရေးဝန်ထမ်းတွေဟာ စိုက်ပျိုးရေးဦးစီးဌာနရဲ့ စွမ်း ဆောင်ရည်တစ်ခုဖြစ်တဲ့ ဝဉမျိုး ပျိုးခင်းစံပြကွက်ကို ကျွန်တော်တို့မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်ရွယ် ချက်ကတော့ ဝဉမျိုးတစ်ပင်ရဲ့ အထွက်နှုန်း၊ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်းအားလုံးကို သုတေသနပြုလုပ်ရန်အတွက်ရယ်၊ ကျွန်တော်တို့စိုက်ပျိုးတဲ့အရာတွေကို ဖလမ်းမြို့ နယ်တောင်သူတွေက ကြည့်ရှုခွင့်ရပြီး သူတို့ကိုယ်တိုင်လည်း စိုက်ပျိုးလာနိုင်ဖို့ အလို့ငှာ ဆွဲဆောင်တဲ့အနေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်”ဟု ဖလမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးမင်းနိုင်က ပြောသည်။  အဆိုပါစိုက်ခင်းတွင် ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်မြို့များမှ ဝယ်ယူသည့် ဝဉမျိုးများကို စိုက်ခင်း (၀.၆၅)ဧကတွင် ဝဉ ပင်ပေါ်သီး (၁၃၅၀၀)လုံး ခန့်ကို စိုက်ပျိုး နေဆဲဖြစ်ကြောင်းနှင့် ဖလမ်းမြို့နယ်တွင် ဝဉစံပြစိုက်ခင်း (၅)ခုကို စိုက်ပျိုးရေးဦးစီး ဌာန ဖော်ဆောင်လျက်ရှိကြောင်းသိရသည်။

စာစုများ -