ချင်းပြည်နယ် MSME Agency နှင့် MSME Action Planအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေဆွေးနွေးပွဲ ဟားခါး၌ ကျင်းပ

        ချင်းပြည်နယ် MSME Agency နှင့် MSME Action Plan အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေ ဆွေးနွေးပွဲအခမ်းအနားကို  ယနေ့မွန်းလွဲ ၁နာရီအချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ် MSME Agency ဥက္ကဌ ပြည်နယ်စည်ပင်သာယာရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ချင်းပြည်နယ် MSME Agency အတွင်းရေးမှူး ချင်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရာလ်ကျုံးနှင့် ချင်းပြည်နယ် MSME Agency အဖွဲ့တွင်ပါဝင်သည့် ဌာနဆိုင်ရာအကြီးအကဲများ၊ NGO၊INGOအဖွဲ့မှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ချင်းပြည်နယ် MSME Agency ဉက္ကဌ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး ဦးစိုးထက်က အဖွင့်အမှာစကားပြောကြားပြီးနောက် ချင်းပြည်နယ် MSME Agency အတွင်းရေးမှူး ချင်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရာလ်ကျုံးက MSME Action Plan(၅၅)ချက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ချင်းပြည်နယ် MSME Agency အဖွဲ့ဝင်တွင်ပါဝင်သည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက MSME Action Plan(၅၅)ချက်နှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ဆွေးနွေးကြပြီး ချင်းပြည်နယ် MSME Agency ဥက္ကဌ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီးက MSME Action Planအကောင်အထည်ဖော်ဆောင်ရွက်မှုတို့တွင် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

စာစုများ -