ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထန်တလန်မြို့ပေါ်တွင် ဆာကိုဗိုင်းရပ်စ် ဝက်အားနည်းရောဂါကြောင့် ဝက်များသေဆုံးမှုနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ

              ချင်းပြည်နယ်၊ ဟားခါးခရိုင် ထန်တလန်မြို့နယ်၌ ပြည်သူများ အပိုဝင်ငွေရရှိသည့် ဝက်မွေးမြူရေး ဆောင်ရွက်လျက်ရှိရာ (၈.၃.၂၀၂၀)ရက်မှ စတင်၍ ဝက်များသေဆုံးမှု ဖြစ်ပွားခဲ့၍ ဝက်(၃)ကောင်၏ သွေးနမူနာ (Blood Sample) များရယူပြီး မန္တလေးတိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ပေးပို့ စစ်ဆေးခဲ့ရာ Porcine Circovirus Type-2(PCV-2)  (ဆာကိုဗိုင်းရပ်စ်ကြောင့်ဝက်အားနည်းရောဂါ) ဖြစ်ကြောင်းသိရှိရပြီး လူသို့ကူးစက်နိုင်ခြင်းမရှိဘဲ ဝက်အချင်းအချင်းသို့ ကူးစက်နိုင်သောရောဂါ ဖြစ်ပါသည်။ အဆိုပါ ရောဂါကူးစက်ပျံ့နှံ့ခြင်းသည် တောဝက်သားများအား ရောင်းချခြင်းနှင့် စားသုံးခြင်းများကြာင့် ရောဂါကူးစက်ပျံ့နှံ့နိုင်ခြင်း၊ လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူသူများလည်းရှိသဖြင့် ရောဂါပိုးကူးစက်ခံရသော တောဝက်များနှင့် ထိတွေ့ခြင်း၊ သေဆုံးသည့် ဝက်များအား စနစ်တကျ သေချာမြေမြှုပ်ဖျက်ဆီးမှုမရှိခြင်း၊ မွေးမြူသူကိုယ်တိုင်ကပင် တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်း၊ လူတို့၏ စားကြွင်းစားကျန်များကို ကျိုချက်ကာ ကျွေးမွေးမှုမရှိခြင်း၊ သားသတ် လိုင်စင်စီများမှ တိရစ္ဆာန်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်မှု အားနဲပြီး ပြည်နယ်ကျော် တရားမဝင် သယ်ဆောင်ကာရောင်းချခြင်း၊ ဝက်မွေးမြူသူများမှလည်း  အခြားနေရာဒေသမှ ရောဂါသံသယရှိသော ဝက်များကို သယ်ဆောင် ဝယ်ယူမွေးမြူသူများရှိခြင်းတို့ကြောင့်  ယခုကဲ့သို့ ကူးစက်ပျံ့နှံ့ခြင်း ဖြစ်ပွားရခြင်း ဖြစ်ပါသည်။  ထို့ကြောင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်   ပြည်နယ်ဦးစီးမှူးနှင့် ဟားခါးခရိုင်ဦးစီးမှူး အဖွဲ့တို့မှ ကွင်းဆင်းဆောင်ရွက်၍  ထန်တလန်မြို့ပေါ်ရှိ ဝက်ခြံများအား ပိုးသတ်ဆေးဖျန်းပေးခြင်း၊ ဝက်မွေးမြူသူတောင်သူများသို့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ဇီဝလုံခြုံမှု ကောင်းမွန်စွာ မွေးနိုင်ရေးတို့အတွက် ပညာပေးဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။  ထန်တလန်မြို့နယ် တာဝန်ခံအနေဖြင့်လည်း ပြည်နယ်ဦးစီးမှူး၏ ညွှန်ကြားမှု၊ ဟားခါးခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ထန်တလန်မြို့နယ် တာဝန်ခံမှ ရောဂါဖြစ်ပွားသည့် အဆိုပါ ရောဂါ ဖြစ်ပွားမှုစက်ဝန်းကို ဖြတ်တောက်နိုင်ရေးအတွက် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ဇီဝလုံခြုံမှု ကောင်းမွန်စွာ မွေးမြူနိုင်ရေးအတွက်  ပညာပေးဆောင်ရွက်ခြင်း၊ မွေးမြူရေးခြံများသို့ ပိုးသတ်ဆေးဖျန်း‌ပေးခြင်း၊ တိရစ္ဆာန်သေဆုံးမှု အခြေအနေများနှင့် ဆောင်ရွက်မှုအခြေအနေများအား နေ့စဉ်ပြည်နယ်ရုံးသို့ ဆက်သွယ်ရေးဖုန်းဖြင့် သတင်းပို့စေခြင်း၊ အပတ်စဉ်ပြည်နယ်ရုံးသို့  တင်ပြစေခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားထားရှိသည့် သားသတ်ခြင်း လုပ်ငန်း လုပ်ဆောင်ရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များ၊ အာဖရိကဝက် အပြင်းဖျားရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်စေရေးအတွက် ညွှန်ကြားချက်များနှင့် ဝက်များ ရွှေ့ပြောင်း သယ်ဆောင်ရာတွင် ဆောင်ရွက်ရမည့် ညွှန်ကြားချက်များတို့ကို သက်ဆိုင်ရာ စည်ပင်သာယာရေး အဖွဲ့နှင့်  ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ညွှန်ကြားရေးမှူးချုပ် ၏ လမ်းညွှန်ချက်ဖြင့် ယခုဖြစ်ပွားနေသည့် PCV-2 ဝက်ရောဂါအပြင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေး အတွက် ခရိုင်ဦးစီးဦးစီးမှူးများမှ မိမိတို့ခရိုင်အတွင်း မွေးမြူရေးခြံများသို့ အပတ်စဉ်ပိုးသတ်ဆေး ဖျန်းပေးခြင်း၊ ပညာပေးဟောပြောခြင်း၊ သွေးနမူနာကောက်ယူခြင်း နှင့် ဓာတ်ခွဲခန်းပေးပို့စစ်ဆေးခြင်းတို့မှ ဆောင်ရွက်နိုင်မှုများကို အပတ်စဉ်ဆောင်ရွက်၍ ရုံးချုပ်သို့ တင်ပြဆောင်ရွက်လျက်ရှိပါသည်။  ယခုအချိန်တွင် ထန်တလန်မြို့ပေါ်တွင် ဝက်သေဆုံးမှု ရှိနေသေးသည့်အတွက်  ရောဂါဖြစ်ပွားမှုကို ဖြတ်တောက်နိုင်ရေးနှင့် အခြားနေရာဒေသသို့ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးတို့အတွက် ဝက်များ သယ်ဆောင်ခြင်း  အဝင်/အထွက်အား  ခေတ္တပိတ်ထားနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့ပြီး ဆောင်ရွက်လျက်ရှိပါသည်။  ထို့အပြင် အများပြည်သူများ ဝက်ရောဂါများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုက်နာနိုင်ရေးအတွက် လူစည်ကားသည့် နေရာများတွင် ဝက်ရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ကာကွယ်ရန် လိုက်နာ ဆောင်ရွက်ရမည့်အချက်များအား ပညာပေးဗီနိုင်းပိုစတာများဖြင့်  ဆိုင်းဘုတ်စိုက်ထူ ထားခြင်း၊ Porcine Circovirus Type 2(PCV-2)  (ဆာကိုဗိုင်းရပ်စ်ကြောင့် ဝက်အားနဲရောဂါ)နှင့် အာဖရိက ဝက်အပြင်းဖျားရောဂါဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို ချင်းဘာသာစကားဖြင့် ထုတ်ဝေပြီး ဖြန့်ဝေပေးရန် ဆောင်ရွက်လျက်ရှိခြင်း၊ ပြည်နယ်အတွင်း ဝက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ခရိုင်/မြို့နယ် ဦးစီးမှူးများအား zoom video conferencing စနစ်အသုံးပြု၍ အစည်းအဝေးပြုလုပ်ခြင်း စသည်တို့ဆောင်ရွက်ခြင်းဖြင့် ဝက်ရောဂါ ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်လျက်ရှိပါသည်။

(၁၄..၂၀၂၀)ရက်နေ့တွင်  ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့မှ ထန်တလန်မြို့နယ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်းနှင့် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ပညာပေးဟောပြောခြင်းနှင့် ဝက်ခြံများအား ပိုးသတ်ဆေးဖျန်းပေးခြင်းတို့အား  ကွင်းဆင်းဆောင်ရွက်ခြင်း 

(၁၁..၂၀၂၀)ရက်နေ့တွင် ဟားခါးခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ ထန်တလန်မြို့ပေါ်ရှိ ဝက်ခြံများအား ပိုးသတ်ဆေးဖျန်းပေးခြင်း

၂၉..၂၀၂၀)ရက်နေ့တွင် ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဟားခါးခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ ထန်တလန်မြို့ပေါ်ရှိ  နေမကောင်းသည့်ဝက်များအား သွေးနမူနာ(Blood Sample)များ ရယူခြင်းနှင့် တိရစ္ဆာန်ကျန်းမားရေး စောင့်ရှောက်မှုအား ကွင်းဆင်းဆောင်ရွက်ခြင်း

ထန်တလန်မြို့ပေါ်ရှိ လူစည်ကားသည့်နေရာများတွင် ဝက်ရောဂါနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ကာကွယ်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ပညာပေးဗီနိုင်းပိုစတာများဖြင့်  ဆိုင်းဘုတ်စိုက်ထူထားခြင်း

ထန်တလန်မြို့ပေါ်ရပ်ကွက်များတွင် ဝက်မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်းပေးခြင်းနှင့် ပြည်သူများအား  ဝက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း

ချင်းပြည်နယ် မွေး/ကုဦးစီးဌာန ပြည်နယ်/ခရိုင်/မြို့နယ်ဦးစီးမှူးများနှင့် ဒု-ဦးစီးမှူးများမှ Zoom video conferencing အသုံးပြု၍ ဝက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆွေးနွေးခြင်း

ပြည်နယ်ဦးစီးမှူးမှ ထန်တလန်မြို့ပေါ်တွင် ဝက်သေဆုံးမှုများနှင့် ပတ်သက်၍  Chin World  & The Hakha Post မီဒီယာများမှ မေးမြန်းခြင်းအား ဖြေကြားပေးခြင်း

စာစုများ -