တီးတိန်၌ ၂၀၂၀ပြည့်နှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ်

        သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ၂၀၂၀ပြည့်နှစ် ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်း၌  ပြုလုပ်သည်။  ထိုသို့စိုက်ပျိုးရာတွင် "တို့ကမ္ဘာမြေ ရေရည်တည်တံ့စေဖို့ ဇီဝမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီထိန်းသိမ်းစို့"ဆောင်ပုဒ်နှင့်အညီ ထင်းရှူး ၂၅၀ ပင်၊ ချယ်ရီ၂၅၀ ပင်၊ ရေသင်းဝင် ၂၅၀ ပင် နှင့် စိန်ပန်းပြာ ၂၅၀ ပင်၊ စုစုပေါင်း အပင် ၁၀၀၀ စိုက်ပျိုးသည်။   စိုက်ပျိုးပွဲသို့ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးလှစိုး၊ မြို့နယ်ရဲမှူးခင်မောင်ဌေး၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

စာစုများ -