ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန် တက်ရောက်စိုက်ပျိုး

          ၂၀၂၀ပြည့်နှစ်၊ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနရုံးဝန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ  ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်ဆက်စပ်လျက်ရှိသောဉီးစီးဌာနများမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက် စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။  အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ဂေဟစနစ်ကို ထိန်းသိမ်းသည့်အနေဖြင့် နှစ်ရှည်ပင်များနှင့် ပတ်ဝန်းကျင်ကို ပိုမိုထိန်းသိမ်းပေးသည့် သစ်စေ့ပျိုးပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။  ၂၀၂၀ပြည့်နှစ် မိုးရာသီကာအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ဟားခါးမြို့နယ် သစ်တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်း၍ လူထုလှုပ်ရှားမှုအသွင်ဖြင့် ရေသင်းဝေ ၊ မိုင်းဘော ၊ ချယ်ရီ ၊ ရှားနက် ၊ ယူကလစ် ၊ ခါတော်မီနှင့် စိန်ပန်းပြာ ပျိုးပင်အမျိုးအစား(၇)မျိုးကို အခမဲ့ဖြန်ဝေစိုက်ပျိုးလျက်ရှိပြီး၊ ဆက်လက်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကျင်းပစိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စာစုများ -