ရိခေါ်ဒါရ်မြို့ Facility Quarantine၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားသည့် ပြည်တော်ပြန် (၁၅) ဦးတို့တွင် covid-19 ရောဂါမရှိ

         ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားသည့် အိန္ဒိယနိုင်ငံမှ ပြည်တော်ပြန် ၁၅ ဦးတို့သည် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့၌ ရောက်ရှိလာသည့်ပုဂ္ဂိုလ် ခုနှစ်ဦးတို့အား ရိခေါ်ဒါရ်မြို့တိုက်နယ်ဆေးရုံ၌ လည်းကောင်း၊ မေလ ၂၇ ရက်နေ့၌ ရောက်ရှိလာသည့် ပုဂ္ဂိုလ်ရှစ်ဦးတို့အား အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ယာယီပြင်ဆင် ထားသည့် Facility Quarantine နေရာအသီးသီးတို့၌ အသွားအလာကန့်သတ်စောင့်ကြည့် ထားရှိကြောင်း သိရသည်။  အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်ခံပုဂ္ဂိုလ် ၁၅ ဦးတို့၏ Nasophyrangel Swab နမူနာများအား Covid-19 ရောဂါပိုးရှိ/မရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ အဆိုပါပုဂ္ဂိုလ် ၁၅ ဦးအားလုံး၌ Covid-19 ရောဂါပိုးမတွေ့ရှိကြောင်း (Negative ပြကြောင်း) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အကြောင်းပြန်ကြားလာခဲ့ကြောင်း သိရသည်။  လက်ရှိ၌ တိုက်နယ်ဆေးရုံနှင့် အထကခွဲကျောင်း ယာယီ Facility Quarantine နေရာ၌ စောင့်ကြည့်ခံယူသူ ၁၅ ဦးတို့အား ရိခေါ်ဒါရ်မြို့၌ ကြိုတင်ပြင်ဆင်ထားသည့် တောင်တန်းသာသနာပြုဘုန်းတော်ကြီးကျောင်း၌ အသွားအလာစောင့်ကြည့်ခြင်း သတ်မှတ်ကာလ ၂၁ ရက် ဆက်လက်စောင့်ကြည့်ရန် ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း သိရသည်။

စာစုများ -