ဟားခါးမြို့တွင် Facility Quarantine Center ထားရှိခဲ့သည့်နေရာများအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်

        ချင်းပြည်နယ်၊  COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ဇွန်လ ၆ရက်နေ့ နံနက် ၉နာရီအချိန်က ဟားခါးမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ  Facility Quarantine Center ထားရှိခဲ့သည့်နေရာများအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။  ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ရာတွင် စစ်ဗျူဟာအဖွဲ့အခြေချ(ဟားခါး)မှ ဗိုလ်မှူးအာကာကျော်မိုးနှင့် တပ်ဖွဲ့ဝင်များ၊  ဟားခါးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသျှန်နွန်မောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ရှေးဦးစွာ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ Facility Quarantine ထားရှိသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြို့ရေးသင်တန်းကျောင်းသို့ ရောက်ရှိ၍ COVID-19 ​ရောဂါပြန့်ပွားမှုမရှိစေရေးအဆောင်များ၊ ကုတင်များ၊ တံခါးလက်ကိုင်များနှင့် ကျောင်းဝင်းအတွင်းရှိ အသွားအလာကန့်သတ်ထားသည့်နေရာများအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (ဟားခါး)သို့ရောက်ရှိ၍ ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပြီး အဆိုပါနေရာများတွင် သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သည့်အတွက် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ပူးပေါင်းအဖွဲ့များက စနစ်တကျ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

စာစုများ -