တီးတိန်မြို့နယ်၊ ဆွောင်းဆန်-လာလ်တာ- တွန်းဇန်မြို့နယ်စပ်အထိ ကျေးရွာချင်းဆက် (၈/၃)မိုင် လမ်းတာချဲ့ခြင်း ရာနှုန်းပြည့် ပြီးစီး

              နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ချင်းပြည်နယ်ဖွံ့ ဖြိုးမှုကြီးကြပ်ရေးရုံး ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ် (ပြည်နယ်)ခွင့်ပြုရန်ပုံငွေကျပ် ၁၄၂ ဒသမ ၅၀၀ သန်းဖြင့် Zomi Land Development ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် တီးတိန်မြို့နယ်၊ဆွောင်းဆန်-လာလ်တာ-တွန်းဇန်မြို့နယ်စပ်အထိ ကျေးရွာချင်းဆက်လမ်း အကျယ်( ၂၁) ပေ၊(၃ပေ×၂ပေ)ရေမြောင်းအပါအဝင်၊ (၈/၃)မိုင် လမ်းတာချဲ့ခြင်းလုပ်ငန်းဇွန်လ ၆ ရက်နေ့တွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း တီးတိန်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ သိရသည်။ ထိုသို့လမ်းတာချဲ့ခြင်းလုပ်ငန်းတွင်
ဆွောင်းဆန်ကျေးရွာတာဝန်ခံ ဦးကမ်းကိမ်းခိုင်က အဖက်ဖက်မှကူညီပံ့ပိုးပေးကြသည့်နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိကြောင်း၊အဆိုပါလမ်းအား ရေရည်တည်တံ့ခိုင်မြဲရန်အတွက်ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းပြီးထိန်းသိမ်းကြမည်ဖြစ်ကြောင်းပြောကြားပြီး၊ လာလ်တာကျေးရွာတာဝန်ခံ ဦးထွာလ်ထကိမ်းက ယခုအချိန်သည် မိုးကျချိန်ဖြစ်သည့်အတွက် လိုအပ်သည့်ရေပြွန်များ သက်ဆိုင်ရာမှ ဆက်လက်ပံ့ပိုးပေးနိုင်ရန်တင်ပြချက်အား တီးတိန်မြို့နယ် ဖွံဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းစိန်ကညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စာစုများ -