“Covid-19 ကာကွယ်ရေး၊ ငါးရိက္ခာများ စားသုံးပေး” အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ရိခေါ်ဒါရ်၌ ဆောင်ရွက်

             ချင်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ဦးတင်မောင်ဦးနှင့် ချင်းပြည်နယ် ငါးလုပ်ငန်းစခန်း (ခိုင်ကမ်း) တာဝန်ခံ ဦးအောင်မျိုးဦးတို့ စီစဉ်ဦးဆောင်မှုဖြင့် “Covid-19 ကာကွယ်ရေး၊ ငါးရိက္ခာများ စားသုံးပေး” အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့က ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၌ ဆောင်ရွက်သည်။  အဆိုပါ စိုက်ထူထားသည့် ဆိုင်းဘုတ်သည် “Covid-19 ကာကွယ်ရေး၊ ငါးရိက္ခာများ စားသုံးပေး”ခေါင်းစဉ်တပ်ဆင်ထားခြင်းဖြစ်ပြီး ဆိုင်းဘုတ်တွင် ငါးအဟာရဓာတ်၊ ငါးပုံမှန်စားသုံးခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများ၊ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ငါးစားသုံးခြင်းသည် (အထူးသဖြင့် ကိုယ်ခံအားကောင်းမွန်ရေး)အတွက် အကျိုးရှိစေမှုများ၊ ငါးတွင်ပါဝင်သော အဟာရဓာတ်များနှင့် လူတစ်ဦး၏ လိုအပ်ချက်များနှင့်အတူ ချင်းပြည်နယ် ရေချိုငါးလုပ်ငန်း ဥပဒေများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ ဖော်ပြပါဝင်ထားကြောင်း၊ အဆိုပါ အသိပညာပေး ဆိုင်းဘုတ်များကို လူအများသွားလာလှုပ်ရှားမှုများပြားပြီး ပြည်သူအများ အလွယ်တကူမြင်တွေ့ နိုင်မည့်နေရာဖြစ်သည့် ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း၊ ကမ်းနားလမ်း နှင့် အနောက်ကမ်းနားလမ်းဆုံနေရာ၌ စိုက်ထူးထားကြောင်း သိရသည်။ ထို့အပြင် ချင်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်မောင်ဦးနှင့် ချင်းပြည်နယ် ငါးလုပ်ငန်း စခန်း (ခိုင်ကမ်း) တာဝန်ခံ ဦးအောင်မျိုးဦးတို့ ဦးဆောင်မှုဖြင့် “Covid-19 ကာကွယ်ရေး၊ ငါးရိက္ခာ များစားသုံးပေး” ခေါင်းစဉ်ဖြင့်ထုတ်ဝေထားသည့် လက်ကမ်းစာစောင်နှင့် “ချင်းပြည်နယ် ရေချို ငါးလုပ်ငန်းဥပဒေ” ခေါင်းစဉ်ဖြင့် ထုတ်ဝေထားသည့် လက်ကမ်းစာစောင် နှစ်မျိုးကို ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဇောတိကလမ်း၊ အရှေ့ကမ်းနားလမ်း၊ ပျံကျစျေး စသည့်နေရာများတွင် ပြည်သူများထံလိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စာစုများ -