ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်အတွင်းရှိငါး​မွေးကန်များကွင်းဆင်းစစ်​ဆေး၊ ပြည်သူများငါးစားသုံးမှု ပိုမိုများပြားလာ​စေရန် ပညာ​ပေးဆိုင်ဘုတ်များစိုက်ထူ

             ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်​မောင်ဦးသည် ဇွန်လ ၆ ရက်​နေ့ ည​နေ ၄ နာရီ အချိန်က ပြည်နယ်ငါးလုပ်ငန်း ငါးသား​ဖောက်စခန်း (ရမ်ထလို) သို့ ရောက်ရှိပြီး ငါး​မွေးကန်များအတွင်း ​ရေသို​လှောင်ထားရှိမှုအ​ခြေအ​နေ၊​ မွေးမြူထား​သော ငါးသား​ပေါက်များ​အောင်မြင်ကြီးထွားမှုအ​ခြေအ​နေတို့ကို ကွင်းဆင်းစစ်​ဆေးကြည့်ရှုရာ ငါးသား​ဖောက်စခန်းတာဝန်ခံ ဦးစိုးပိုင်သူနှင့် ဝန်ထမ်းများက ကန်များအတွင်း ​ရေသို​လှောင်ထားရှိမှု အ​ခြေအ​နေနှင့်​မွေးမြူထား​သော ငါးမှုန် ငါးသန်​လေးများ ကြီးထွားမှုအ​ခြေအ​နေ တို့ကို ရှင်းလင်ပြသ ခဲ့ကြပါသည်။  ထို့​နောက် ပြည်နယ်ဦးစီးမှူးသည် ဝန်ထမ်းများနှင့်​တွေ့ဆုံကာ ပြည်နယ်အတွင်း မြစိမ်း​ရောင်စီမံကိန်းဖြင့်​မွေးမြူထားရှိသည့် တပိုင်တနိုင်ငါး​မွေးကန်များအပါအဝင် ဌာနမှ ​ဆောင်ရွက်ထားရှိသည့် ငါး​မွေးကန်များ​အောင်မြင်​ရေး၊ ​ဒေသတွင်းငါးစားသုံးမှု ဖူလုံ​စေ​ရေးအတွက် စိုက်ပျိုး​ရေးနှင့် တွဲဖက်၍​မွေးမြူနိုင်ပြီး ​ဒေသနှင့်ကိုက်ညီ​သောငါးမျိုးများ စိုက်ထည့်​မွေးမြူနိုင်​ရေး စနစ်တကျ ​ဆောင်ရွက် ထားရှိကြရန်နှင့် COVID-19​ရောဂါ ထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုံ့ပြန်​ရေးကာလအတွင်း ပြည်သူများငါးစားသုံးမှုပိုမို များပြားလာ​စေ​ရေး ပညာ​ပေးဆိုင်ဘုတ်များစိုက်ထူသွားကြရန်နှင့် ပညာ​ပေး လက်ကမ်းစာ​စောင်များ ဖြန့်​ဝေ သွားကြရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။ ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအ​နေဖြင့် ပြည်သူများငါးစားသုံးမှုပိုမို များပြားလာ​စေ​ရေး မြို့နယ်များအားလုံးတွင် ပညာ​ပေးဆိုင်ဘုတ်များစိုက်ထူသွားမည်ဖြစ်ပြီး ဇွန်လ ၆ ရက်​နေ့က ရိ​ခေါဒါရ်မြို့၌စိုက်ထူခဲ့ကြပြီး အဆိုပါမြို့အတွင်း ပညာ​ပေး လက်ကမ်းစာ​စောင်များ အခမဲ့ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရှိရပါသည်။

စာစုများ -